
အရွယ်ရောက် ပြီးသူ ၁၈၀၀၀ ကို လေ့လာချက် အရ ညဘက် အိပ်မပျော်တဲ့ လူများဟာ အသက်ရူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ပွားဖို့ ၃ ဆ ပို
မြင့်မား ပါတယ်။
ညဘက် အိပ်ပျော်ရန် ခက်ခဲ သူများဟာ ပန်းနာ ရင်ကြပ် ရောဂါ ၆၅ % ဖြစ်နိုင်ချေ ရှိပါတယ်။

ဒီလေ့လာမှုကို နော်ဝေးနိုင်ငံမှာ လေ့လာခဲ့တာ ဖြစ်ပြီး လေ့လာသူ ခေါင်းဆောင် ဒေါက်တာ ဘန်ဗရတ်တန် ကတော့ ” အိပ်မပျော်တဲ့ ရောဂါကြောင့် အသက်ရူ လမ်းကြောင်း ဆိုင်ရာ ရောဂါ တွေကို ဖြစ်ပွား စေပါတယ် ” လို့ ဆိုခဲ့ ပါတယ်။
အင်္ဂလန်နိုင်ငံမှာတော့ ပန်းနာ ရင်ကျပ် ရောဂါသည်ပေါင်း ၅.၄ သန်း ရှိပြီး တစ်ကမ္ဘာလုံးမှာ တစ်နေ့ကို ပန်းနာရင်ကျပ် ရောဂါကြောင့် လူသုံးယောက် သေဆုံး ရပါတယ်။
ပန်းနာ ရင်ကျပ်ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကတော့ ဆေးလိပ်သောက်ခြင်း၊ ၀လွန်းခြင်း၊ လေထု ညစ်ညစ်ခြင်း တို့ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

ညဘက်တွေမှာ အိပ်ရေး ပျက်ခြင်းဟာ စိတ်ဖိစီးမည့် ဟော်မုန်းများကို ထုတ်လွှတ်မှု မြင့်တက်စေပြီး ၊ခန္ဓာကိုယ် အဆစ် အမြစ်တွေ ရောင်ယမ်း စေပါတယ်။
ဒီအချက် နှစ်ချက်ကြောင့် ပန်းနာ ရင်ကျပ်ရောဂါ အလွယ်တကူ ဖြစ်ပွားနိုင်ပြီး အင်္ဂလန်နိုင်ငံ မှာတော့ အင်္ဂလန်နိုင်ငံသား ၁၀ ယောက်မှာ ၄ ယောက်ဟာ ညဘက် အိပ်မပျော်တဲ့ ရောဂါကို ခံစား နေရတယ်လို့ အင်္ဂလန်နိုင်ငံ တော်ဝင် ပြည်သူ့ ကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။
အင်္ဂလန်နိုင်ငံမှ ပန်းနာရင်ကျပ် ရောဂါ အထူးကု ဒေါက်တာ အန်ဒီ ၀ှစ်မိုးကတော့ ပန်းနာ ရင်ကျပ်ရောဂါနဲ့ ပါတ်သတ်ပြီး သုတေသန တွေ ပိုမို လုပ်သင့် တယ်လို့ ဆိုခဲ့ ပါတယ်။
Lumos (Shwemom)
Ref : The Sun
From : SHWEMOM by nilarwai
Originally published at - http://www.shwemom.com

No comments:
Post a Comment