ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ငှက်ပျောခွံ စားခြင်းဖြင့် ကိုယ်အလေးချိန် လျော့၍ စိတ်ကြည်လင်




ငှက်ပျောခွံဟာ စူပါ အစားအစာ သစ်တစ်ခု ဆိုတာ ဟုတ်ပါ သလား။ ငှက်ပျောခွံမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေနဲ့ ဗီတာမင် တွေက ကိုယ်အလေးချိန် လျော့စေဖို့နဲ့ စိတ်ကြည်လင် ဖို့ကို အထောက် အကူ ပြုတယ်လို့ သိရပါတယ်။

ငှက်ပျောခွံဆိုတာ အမှိုက်၊ ပစ်ရမယ်၊ မစားရဘူး ဆိုပြီး ကျွန်တော်တို့ မွေးကတည်းက သိလာတာပါ။

ငှက်ပျောခွံ တက်နင်းရင် ချော်လဲတာကို ကာတွန်း ဟာသတွေ ထဲမှာ ခဏ ခဏပါပြီး နာမည်ကြီး ပေမဲ့ တကယ်တော့လည်း ငှက်ပျောခွံက ကျွန်တော်တို့ ကျန်းမာရေး အတွက် ကောင်းပါတယ်။ ခန္ဓာကိုယ် အတွက် အကျိုးရှိကြောင်း သက်သေပြနိုင်တဲ့ အာဟာရ ဓာတ်တွေ ပါဝင် ပါတယ်။

နေ့စဉ် အစားအစာ ထဲမှာ ငှက်ပျောခွံကို စားရမယ် ဆိုတာဟာ ဂြိုဟ်သား အတွေးအခေါ် လိုမျိုး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါက ကမ္ဘာ့နိုင်ငံ အများစု အတွက်တော့ မှန်ပေမဲ့ အိန္ဒိယနဲ့ ကာရစ်ဘီယန်မှာတော့ အစားအစာ အနံ့ကောင်းစေဖို့နဲ့ ဟင်းခတ် အဖြစ် သုံးလေ့ ရှိပါတယ်။

“ပထမတော့ ငှက်ပျောခွံကို စားဖို့ မသင့်ဘူးလို့ ထင်နိုင်ပေမဲ့ နောက်ထပ် လေ့လာကြည့်လိုက်တော့ သူ့မှာ အာဟာရ ဆိုင်ရာ အကျိုး ရလဒ်တွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ သိရှိ နားလည် လိုက်ပါတယ်။” လို့ အာဟာရ ပညာရှင် Ella Allred က Daily Mail Onine ကို ပြောပြ ခဲ့ပါတယ်။

“ငှက်ပျောခွံရဲ့ အမျှင်ဓာတ် ပေါကြွယ်မှုက ဝမ်းမှန်ဖို့ကို အကူအညီ ပေးပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C, B6 စတဲ့ အာဟာရ ဓာတ်တွေက အဖိုးတန်လှ ပါတယ်။ ငှက်ပျောခွံမှာ ဗီတာမင် B6, B12 အပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေ ပါဝင် ပါတယ်။” လို့ သူက ထပ်ပြော ခဲ့ပါတယ်။
သွား၊ အရိုးနဲ့ နူးညံ့တဲ့ တစ်သျှူး ကျန်းမာရေး တွေကို ကောင်းစေတဲ့ ဗီတာမင် A လည်း ပါဝင် ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_76.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment