ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

အချိုဓါတ်ပါဝင်တဲ့ အစားအစာ တွေ စားခြင်း ဟာ အစာ စားချင်စိတ်ကို ထပ်မံ ဖြစ်ပေါ်စေနိုင်




အချိုဓါတ် ပါဝင်တဲ့ အစားအစာ တွေစားခြင်းဟာ လူတစ်ယောက် အား အထပ်ထပ် အခါခါ စားချင်စိတ် ဖြစ်ပေါ်နေစေတဲ့ မှတ်ဥာဏ် တစ်ခု ဦးနှောက်အတွင်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင် သူတွေက ယုံကြည်နေ ကြပါတယ်။

သူတို့ ပြောတာကတော့ မှတ်ဥာဏ်တစ်ခု ဖြစ်ပေါ်လာခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားခြင်း အလေ့အကျင့်ကို ထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ။ သူတို့ရဲ့ ရှာဖွေတွေ့ရှိ ချက်က ဖော်ပြထားတာ ကတော့ ဖြစ်စဉ်ပုံစံ မှတ်ဥာဏ်နဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ dorsal hippocampus ဆိုတဲ့ အစိတ်အပိုင်းအတွင်းက အာရုံကြောတွေဟာ အချိုဓါတ်ပါတဲ့ အစားအစာ တွေစားခြင်းနဲ့ ပိုမို လှုပ်ရှားမှု ပြုလာ ကြပါတယ်။

ဖြစ်စဉ် ပုံစံ မှတ်ဥာဏ် ဆိုတာဟာ တိကျတဲ့အချိန်နဲ့ နေရာကို မှတ်မိတဲ့နေတဲ့ ကိုယ်တိုင်ရေးအထ္ထုပတ္တိဆန်ဆန် မှတ်ဥာဏ်မျိုးကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ထို ရှာဖွေတွေ့ရှိချက်တွေရရှိလာဖို့အတွက် ဂျော်ဂျီယာ ပြည်နယ် တက္ကသိုလ် ၊ ဂျော်ဂျီယာ ဘုရင့်ကိုယ်စားလှယ် တက္ကသိုလ် နဲ့ ချာလီနောဝုဒ်ဗွီအေဆေးပညာ စင်တာတို့မှာ ရှိတဲ့ သုတေသီတွေဟာ ကြွက်တွေကို အချိုဓါတ်ပါဝင်တဲ့ အစားအစာတွေ ကျွေးပြီး စမ်းသပ်လေ့လာခဲ့ကြပါတယ်။

ထို အချိုစာ တွေမှာပါဝင်တဲ့ Sucrose သို့ Saccharin စတဲ့ အရာတွေဟာ dorsal hippocampus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းရဲ့ အာရုံကြောအတွင်းမှာရှိတဲ့ Activity-registered cytoskeleton-associated protein(Arc) လို့ခေါ်တဲ့ Synaptic Plasticity တွေကို များပြားလာစေနိုင်တယ်လို့ သိရပါတယ်။

Synaptic Plasticity ဆိုတာဟာ မှတ်ဥာဏ်တွေ ဖန်တီးဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဂျော်ဂျီယာ ပြည်နယ်တက္ကသိုလ် က ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ Marise Parent ဆိုသူက " ကျွန်တော်တို့ထင်ထားတာက ဖြစ်စဉ်ပုံစံမှတ်ဥာဏ်တွေဟာ အစားအသောက်ဆိုင်ရာ အမူအကျင့်ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။" လို့ဆိုပါတယ်။

သုတေသီတွေ ဆိုခဲ့တာကတော့ အစားအသောက် စားခြင်းကနေ မှတ်ဥာဏ်တွေ ဖြစ်ပေါ်လာတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ များစားသုံးစေဖို့ အရေးကြီးပါတယ်တဲ့။ ဒါ့အပြင် သုတေသီတွေ ထပ်မံ တွေ့ရှိခဲ့ကြတာက Amnesia ရောဂါ ဖြစ်နေတဲ့ လူတွေဟာ အစာ စားပြီးသည့်တိုင်အောင် နောက်တစ်ကြိမ် ထပ်စားချင်စိတ်ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အစားအသောက်နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ် ဖြစ်တည်မှု မရှိကြလို့ပါ။

ဒါကြောင့် စွမ်းအင် ပုံမှန်လည်ပတ်ဖို့နဲ့ အ၀လွန်ခြင်း ဖြစ်ပွားမှု တွေကို နားလည်ဖို့အတွက် ဦးနှောက်က အစားအသောက်ဆိုင်ရာ မှတ်ဥာဏ်တွေကို ဘယ်လို ထိန်းချုပ်တယ်ဆိုတာကို သိဖို့လိုတယ်လို့ ပရော်ဖက်ဆာ Parent က ဆိုပါတယ်။

ထိုလေ့လာမှုကိုတော့ Hippocampuse ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_99.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment