ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 3, 2017

အိပ်စက်ချိန်တွင် ရေဓာတ် ခမ်းခြောက် တတ်သည်ကို ဂရုပြုရန် လို




ဝါရှင်တန် ၊ ၃-၂-၂၀၁၇

တစ်နေ့ တာ အချိန် နာရီများ၏ သုံးပုံ တစ်ပုံခန့် ကို အိပ်စက်ချိန် အတွက် အသုံးပြု ကြရာဝယ် အိပ်စက်ချိန် တွင် ရေဓာတ် ခမ်းခြောက် တတ်သည်ကို ဂရုပြုရန် လိုအပ်ပြီး မအိပ်စက်မှီ လိုအပ်သော အရည် ဓာတ်ကို ပြည့်ဝအောင် သောက်သုံးထား သင့်ကြောင်း အမေရိကန် သုတေသီ များက ပြောသည်။

ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ်ကို အပြည့်အ၀ ရရှိစေရန် နေ့ စဉ် အချိန်မှန် ရေနှင့် အခြားသော ရေ ဓာတ်ပါသည့် အစား အစာများကို သောက်စား ပေးရန် လိုအပ်ကြောင်း၊ အမျိုးသား များသည် တစ်နေ့ လျင် ရေ ၁၃ ခွက် (၃ လီတာ) အနည်းဆုံး သောက်ရန် ဖြစ်ပြိး အမျိုးသမီး များသည် အနည်းဆုံး ၉ ခွက် (၂) လီတာ
သောက်ပေးရန် လိုအပ်ကြောင်း၊ တစ်နေ့ တာ အချိန်တွင် ရေဆာသည့် စိတ်ကြောင့် ရေသောက်ရန် သတိ ရကြ သော်လည်း ညအိပ်ချိန်တွင် အိပ်ပျော် သွားခြင်း၊ တရေးနိုး ရေထသောက်ရန် ပျင်းခြင်း အစရှိသည်တို့  ကြောင့် ညအိပ်စက် ချိန်တွင် ရေဓာတ် ခမ်းခြောက်မှုကို လူအများ ခံစား နေရခြင်း ဖြစ်ကြောင်း သိရသည်။

အိပ်စက်ချိန်တွင် ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် သိမြင်မှုဆိုင်ရာ စွမ်းရည်ကို ကျဆင်းစေကြောင်း၊ အထူးသဖြင့် အိပ်စက်ချိန်တွင် ဟောက်တတ် သူများသည် ပါးစပ်ဖြင့် အသက်ရှူသူများ ဖြစ်ကြောင်း၊ ၄င်းတို့သည် နှာခေါင်းဖြင့် အသက်ရှူသူများ ထက် ရေဓာတ်ခမ်းခြောက်မှု ၄၂ ရာခိုင်နှုန်းပိုကြောင်း၊ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်မရသူများ သည်လည်း ရေဓာတ်ခမ်းခြောက်မှု ပို၍မြန်ကြောင်း သုတေသီ များက ပြောသည်။

" အိပ်ရေးဝခြင်း၊ မ၀ခြင်းကလည်း သိမြင်မှုဆိုင်ရာ စွမ်းရည်ကို အတက်၊အကျ ဖြစ်စေနိုင်သလို ရေဓာတ် ခမ်းခြောက်မှုကလည်း အလားတူဒုက္ခကို ပေးနိုင်ပါတယ်။

လူအများစုက ရေဓာတ် မလုံလောက်ပါဘူး။ သူတို့  ဟာ ရေသောက်ဖို့ထက် အခြားသော အရာတွေကိုသောက်ဖို့ ပဲ စိတ်အား ထက်သန် ကြပါတယ်။ ဥပမာ ကော်ဖီ၊ အချိုရည်၊ ရေနွေးကြမ်း အစရှိသည်ဖြင့်ပေါ့။

အဲဒီ သောက်စရာတွေမှာ ရေဓာတ်ပါတာ မှန်ပေမယ့် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ ရေပမာဏကို အစားမထိုးနိုင်ဘူး ဆိုတာ အထူး သတိထားရပါမယ်။ သင်ဟာ တစ်ရက်ကို ကော်ဖီ ၅ ခွက်သောက်လို့ ဆိုပြီး ကိုယ်သောက်ရမယ့် ရေ ၁၃ ခွက်ထဲကနေ ၅ ခွက် နုတ်လို့  မရပါဘူး။ ရေကိုအပြည့်အ၀ သောက်ပေးရ ပါမယ် " ဟု သုတေသီတစ်ဦး က ပြောပြသည်။

ရေဓာတ် ခမ်းခြောက်မှုကြောင့် မှတ်ဉာဏ်ထိခိုက်ခြင်း၊ စိတ်ဖိစီးမှု မြင့်မားခြင်း၊ အသေးစိတ် အချက်အလက်များ ကို အာရုံမစိုက်နိုင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ သိမြင်နိုင်မှု စွမ်းရည်ကျဆင်းကာ လူတစ်ဖက်သား နှင့် အလုပ် အစရှိသည်တို့ ကို စိတ်ဝင်စားမှု ကျဆင်းသွားခြင်း၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အပြောင်းအလဲမြန်ခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ ဂဏှာမငြိမ်မှု များစွာကို ခံစားရနိုင်ကြောင်း၊ ရေဆာခြင်းသည် ရေသောက်ပေးရန် ခန္ဓာကိုယ်က လှုံ့ဆော်ခြင်း ဖြစ်ကြောင်း၊ အခြားသော အရည်ဓာတ်ဖြင့် အစားထိုးရန် လုံးဝ မသင့်လျော် ကြောင်း ၄င်းက ထပ်လောင်း သတိပေးသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/02/blog-post_39.html

No comments:

Post a Comment