ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 18, 2016

ရင်သားတွဲကျခြင်းကို ကာကွယ်ပြီး ပိုမိုတင်းရင်း လှပစေမည့် သဘာဝနည်းများ




ရင်သား တွဲကျ တာတွေဟာ များသော အားဖြင့် ကလေးမွေး ပြီးတဲ့ အမျိုးသမီးတွေ၊ သက်လတ်ပိုင်း အမျိုးသမီး အများစုနဲ့ bra ကောင်းကောင်း ရွေးချယ် မ၀တ်ဆင် တတ်တဲ့ အမျိုးသမီးတွေ ရင်ဆိုင် ရလေ့ရှိတဲ့ ပြသာနာ တစ်ခုပါ။

ကိုယ်အလေးချိန် တတ်လာတာ၊ ဆေးလိပ်သောက်တာ၊ မျိုးရိုးဗီဇ ပြသာနာတွေ ဟာလည်း ရင်သား တွဲကျမှုကို ဖြစ်စေတဲ့ အကြောင်းအ ရင်း တွေ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် တင်းရင်းတဲ့ ရင်သားအလှကို ရရှိစေနိုင်မယ့် နည်းလမ်း တစ်ချို့ကို ပျိုမေတို့ အတွက် ဝေမျှပေးပါရစေ။



(၁) ရေခဲတုံး

ရေခဲတုံးနှစ်တုံးကို ယူပါ။ ပထမဆုံး ရေခဲတစ်တုံးကို ယူပြီး ရင်သား တစ်ဝိုက်ကို (၂) မိနစ်လောက် ကြာအောင် ပွတ်တိုက်ပေး ပါ။ ပြီးရင်တော့ နောက်တစ်တုံးကို ယူပြီး နောက်ထပ် ရင်သား တစ်ဖက်ကို ပွတ်တိုက်ပေးပါ။ နူးညံ့တဲ့ တဘက်နဲ့ ရေသုတ်ပေးပါ။ အားလုံးပြီးရင်တော့ နာရီဝက်လောက် လှဲနေပေးပါ။ ဒီလိုနည်းကို တစ်နေ့လျှင် လေးငါးကြိမ် လုပ်ပေးရုံနဲ့ တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။



(၂) သံလွင်ဆီ

သံလွင်ဆီကို လက်ဖ၀ါးနှစ်ဖက်ထဲ လောင်းထည့်ပြီး လက်ဖ၀ါးနှစ်ဖက်ကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ အဲ့ဒီလက်နဲ့ ရင်သားကို အောက်ကနေ အပေါ်သို့ မိနစ်(၂၀) ကြာအောင် ပင့်တင် နှိပ်နယ်ပေးပါ။ တစ်ပတ်မှာ အနည်းဆုံး (၄) ကြိမ်လောက် ပြုလုပ်ပေးပါ။

(၃) ကြက်ဥ အနှစ်နဲ့ သခွားသီး

သခွားသီးအနေတော် အသေး တစ်လုံးကို ဖျော်စက်ထဲ ထည့်ပြီး ကြိတ်ပါ။ ပြီးရင်တော့ ကြက်ဥ အနှစ်နဲ့ ထောပတ်ကို ကြိတ်ထားတဲ့ သခွားသီး ထဲကို ထည့်ပြီးမွှေပါ။

ပြီးရင်တော့ ရင်သားကို လိမ်းပေးပြီး မိနစ် (၃၀) ကြာအောင် ထားပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချပါ။ ဒီနည်းကိုတော့ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ပြုလုပ် ပေးနိုင် ပါတယ်။



(၄) ကြက်သွန်နီနဲ့ကြက်ဥ

ကြက်ဥ တစ်လုံးကို ဖောက်ပြီး နှံ့အောင်မွှေပြီး ရင်သားမှာ လိမ်းပေးပါ။ နာရီဝက်လောက် ကြာရင်တော့ ကြက်သွန်နီကို ယူပြီး အရည်ဖြစ်အောင် ကြိတ်ပြီး၊ ရေဖန်ခွက် တစ်ခွက်ထဲ ထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်တော့ အဲ့ဒီ အရည်ကို ရင်သားပေါ်မှာ ထပ်ပြီး လိမ်းပေးပါ။

source : rd.com

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com/how-to-prevent-get-rid-of-sagging-breasts-naturally/

No comments:

Post a Comment