ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 21, 2016

မမျိုးပွား လမ်းကြောင်းကြောင့် မျိုးမအောင်ဘဲ သန္ဓေမြုံနိုင်တဲ့ အခြေအနေ မရှိကြောင်း လေ့လာတွေ့ရှိ




သုတေသီ တွေဟာ ယခင်က မျိုးမအောင်ဘဲ သန္ဓေမြုံခြင်း ဖြစ်ပေါ် စေနိုင်တယ်လို့ ယုံကြည် ထားကြတဲ့ အမျိုးသမီး တွေရဲ့ မျိုးဥနဲ့ သားဥအိမ် ပြွန်တွေ ထဲမှာ ဘက်တီးရီးတွေကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒါ့အပြင် သုတေသီတွေဟာ သားဥအိမ် ကင်ဆာ ဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ ဘက်တီးရီးယား အရေ အတွက်ဟာ ကင်ဆာ မရှိသူ အမျိုးသမီး တွေထက် ပိုမို များပြား နေတာ ကိုလည်း တွေ့ရှိခဲ့ ကြပါတယ်။

ဒီတွေ့ရှိမှုဟာ မမျိုးပွားလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေဟာ သားဥအိမ်ကင်ဆာ ဖြစ်ပွားခြင်း သို့ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားလာခြင်းအတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေသလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။

သုတေသီတွေဟာ အမျိုးသမီး ၂၅ ဦးရဲ့ မျိုးပွားလမ်းကြောင်းမှ နမူနာစမ်းသပ်မှုများ ရယူခဲ့ကြပါတယ်။ ဒီအမျိုးသမီးတွေဟာ သားအိမ်၊ သားဥအိမ်ပြွန် သို့ မမျိုးဥတွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုခံယူပြီး သူများဖြစ်ကြပြီး တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်နေကြသူများ ဖြစ်ပါသတဲ့။

မျိုးရိုးဗီဇ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘက်တီးရီးယား မျိုးစိတ် နမူနာတွေကို ရှာဖွေတွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ မတူညီတဲ့ ဘက်တီးရီးယား မျိုးစိတ်တွေကို မမျိုးဥတွေ မှာထက် သားဥအိမ် ပြွန်အတွင်းမှာ ပိုမိုတွေ့ရှိ ခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိ ခဲ့ကြပါသတဲ့။

သားဥအိမ်ကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေမှာ အန္တရာယ်များတဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ပိုမိုများပြားနေ တာကိုလည်း သုတေသီတွေက စစ်ဆေးတွေ့ရှိ ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီဘက်တီးရီးယားတွေဟာ ကင်ဆာဖြစ်ပွားမှု ပိုမို တိုးတက်စေနိုင်ဖို့ အရေးပါ သလားဆိုတာကိုတော့ မကြာခင် သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/06/blog-post_97.html

No comments:

Post a Comment