ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 8, 2016

လျစ်လျူ မရှုသင့်သော ကျန်းမာရေး ပြဿနာ




ကျွန်တော်တို့ တွေဟာ တော်ရုံ တန်ရုံ ကျန်းမာရေး ပြဿနာ တွေဆို ဆရာဝန်ဆီ သွားဖို့ အလို မရှိကြ ပါဘူး၊ အပ်နဲ့ ထွင်းရမှာ ပေါက်ဆိန်နဲ့ ပေါက် ဆိုသလို တစ်ခါ တစ်လေ တစ်ချို့ အသေး အမွှားလေး တွေကလည်း ဒုက္ခပေး တတ်တယ် ဆိုတာ သတိပြုသင့် ပါတယ်။ အခု တစ်ခါမှာတော့ ကျွန်တော်တို့ အတွက် လျစ်လျူ မရှုသင့်တဲ့ ကျန်းမာရေး ပြဿနာ တချို့ကိုဖော်ပြ ပေးလိုက် ပါတယ်။

၁) မမျှော်လင့်ပဲ ၀ိတ်ကျ သွားခြင်း

ကျွန်တော်တို့ အများစုက ကြိုးစားခြင်း မရှိပဲ ၀ိတ်ကျ သွားတာကို အံ့သြ ပျော်ရွှင် တတ်ကြ ပါတယ်၊ မမျှော်လင့်ပဲ ၀ိတ်ကျ သွားတာကို မပျော်ပါနဲ့။ ဒါဟာ ကျန်းမာရေး ဆိုင်ရာ တစ်ခုခု မှားယွင်း နေလို့ ဖြစ်နိုင်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။

တကယ်လို့ မတော်တဆ ရုတ်တရက် ၀ိတ်ကျ သွားလို့ ရှိရင် သင့်ရဲ့အထွေထွေ ဆရာဝန်နဲ့ တွေ့ဆုံဖို့ လိုအပ်ပြီး Thyroid Gland အတွက် ပြဿနာ ရှိနေလား ဆိုတာ စစ်ဆေး သင့်ပါတယ်။ မဟုတ်ရင် ၀ိတ်ကျတာ ကနေ တစ်ဆင့် ကင်ဆာ ရောဂါတွေ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။

၂) သွေးဆုံးပြီးမှ သွေးထပ် ထွက်နေခြင်း

" ဒီအကြောင်းကို ဆရာဝန်ကို ပြောဖို့ ရှက်တတ် ကြမှာပါ။ သွေးဆုံး ပြီးမှ ထပ် သွေးထွက် နေရင် ဒါဟာ ကြီးမားတဲ့ ဂယက် တစ်ခုဖြစ်ပြီး သင့်ဆရာဝန်နဲ့ ဆွေးနွေး သင့်တယ်" လို့ Dr Jenkins က ပြောပါတယ်။

ပထမဆုံး သင့်ရဲ့ ဆရာဝန်က ကူးစက် ရောဂါ တစ်ခု ရှိနေလား၊ အရည် ထွက်နေလား၊ သင့်သားအိမ် လမ်းကြောင်း ကောင်းမွန်ရဲ့လားလို့ တွေးတော ပါလိမ့်မယ်။ " ဒါဟာ သားအိမ်နဲ့ သက်ဆိုင်တဲ့ ဒါမှမဟုတ် တခြား မီးယပ်နဲ့ သားဖွား ဆိုင်ရာ ကင်ဆာ တစ်ခုခု ဖြစ်လာနိုင်ဖို့ စိုးရိမ် ရတယ်" လို့ သူက ဆက်ပြော ပါတယ်။

၃) သင့်မေးရိုး တ၀ိုက်တွင် သက်သက်သာသာ မရှိခြင်း

တော်တော် များများက ဒီပြဿနာကို သွားနဲ့ ဆိုင်တဲ့ ပြဿနာ တစ်ခုလို့ ထင်ကြ မှာပါ၊ "တစ်ခါ တစ်ရံ ရင်ဘတ်ထဲက အက်ဆစ်တွေဟာ လည်ချောင်း ထဲကို အစုလိုက် အပြုံလိုက် ရောက်ရှိ လာတတ်ပြီး အဲ့ဒီနေရာ တစ်ဝိုက်ကို နာကျင် စေတတ် ပါတယ်။

ဒါပေမယ့် ဒါဟာလဲ နှလုံးရောဂါ ဖြစ်နေတဲ့ လက္ခဏာ တစ်ခု ဆိုတာ မေ့လို့ မရပါဘူး၊ နှလုံးမှာ အောက်ဆီဂျင်ချို့တဲ့ တာဟာ ရင်ဘတ်နဲ့ မေးရိုး နာကျင်စေ တတ်တာကြောင့် လျစ်လျူ မရှုသင့်ပါဘူး" လို့ Dr Jenkins က ဆိုပါတယ်။

၎) မောပန်းခြင်း

သင့်အနေနဲ့ မကြာခဏ အားအင် ကုန်ခမ်း နေတယ်လို့ ထင်နေ ရင်တော့ သင့် ကိုယ့်ကို ကိုယ် ဂရုစိုက်သင့် ပါပြီ။ ဒါဟာသင့်မှာ သံဓာတ်ချို့တဲ့ နေတာ ဖြစ်နိုင်လို့ပါ။

အဲ့လိုသံဓာတ်ချို့တဲ့နေပြီလို့ထင်ရင်တော့ အနီရောင် အသားနဲ့ ပဲအမျိုးမျိုး ကို စားပေး သင့်ပါတယ်။ နှလုံးနဲ့ အဆုတ်က ဖြစ်လို့ မောပန်းတာ ဆိုရင်တော့ သင့်အနေနဲ့ ဒီအစိတ် အပိုင်းတွေနဲ့ ကြွက်သား တွေဟာ အောက်ဆီဂျင်ကို ကောင်းမွန် လုံလောက်စွာ မရလို့ ဖြစ်နိုင် ပါတယ်။

ဒါတွေသာမက သင့်မှာ သွေးအား နည်းတာ၊ ဗီတာမင်စီ မလုံလောက်တာ၊ Thyroid ပြဿနာနဲ့ နာတာရှည် ရောဂါ တွေကြောင့်လဲ မောပန်းနွမ်းနယ် တာတွေ ဖြစ်နိုင်လို့ မကြာခဏ မောပန်းနေတယ်လို့ ခံစား ရရင်တော့ ဆရာဝန်ဆီ သွားတာ အကောင်းဆုံး ပါပဲ။

၅) မူးဝေခြင်း

မူးဝေတာ ကတော့ အတော် မရေရာတဲ့ လက္ခဏာ တစ်ခုဖြစ်သလို ခြေရာကောက်ဖို့လဲ ခက်ပါတယ်။ လူတော်တော် များများက ဒါကို သိပ်အရေး တကြီး သဘောမထား ကြပါဘူး။ ဒါကြောင့် တခြား သဲလွန်စ တွေကိုလဲ ကြည့်ဖို့ လိုပါတယ်။ ဥပမာ အနေနဲ့ နှလုံးတုန် ရင်တုန်တာ၊ အသက်ရှု မ၀တာတွေ လိုမျိုး တခြားထိတွေ့ မှုတွေ ကိုခံစား ရရင်တော့ ဒါဟာနှလုံး ရောဂါ ဖြစ်နိုင်ခြေ များသွား လို့ပါပဲ။

၆) ၀မ်းချုပ်ခြင်း

လူအများစုဟာ ၀မ်းချုပ်နေရုံနဲ့ ဆရာဝန်ဆီ သွားဖို့ တုံ့ဆိုင်းနှေးကွေး တတ်ကြ ပါတယ်။ ဒီလို ရှက်နေ တာကိုသင့်အနေနဲ့ မပြုလုပ် သင့်ပါဘူး။ သင့်အူ လမ်းကြောင်းမှာ ဘယ်လို အပြောင်း အလဲ ရှိရှိ သတိပြုသင့် ပါတယ်။

အကိုက် အခဲပျောက်ဆေး တွေလို ဆေးတွေ ကလဲ သင့်ကို ၀မ်းချုပ် စေနိုင် ပါတယ်။ တချို့ဝမ်းချုပ် တာတွေက အူမကြီး ကင်ဆာဖြစ်နေတဲ့ အထိ ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ဒီလို ကိစ္စ တွေကို ပေါ့သေးသေး သဘော မထားပါနဲ့။

၇) သင့်လက်သည်းတွေပြောင်းလဲခြင်း

သင့်မျက်လုံးတွေ လိုပဲ သင့်ကျန်းမာရေး အကြောင်း ပြောပြနိုင် တာက သင့်လက်သည်း တွေပါ။ သင့်မှာ သွေးအားနည်း တာနဲ့ တခြား စိုးရိမ်ဖို့ ကောင်းတဲ့ ကစဥ့်ကလျား ဖြစ်စေတဲ့ အခြေ အနေတွေကို ပြောပြနိုင် ပါတယ်။

ဥပမာ၊ အဆုတ်ရောဂါ၊ စတဲ့ရောဂါ မျိုးတွေ ကိုပေါ့၊ လက်သည်းအောက်မှာ သွေးခဲ သေးသေးလေးတွေ ရှိနေရင် သင့်အနေနဲ့ အညိုရောင် ဒါမှမဟုတ် အနက်ရောင် အဖြစ်ပြောင်းသွားရင် သင့်မှာ အရေပြား ကင်ဆာ ရှိနေ တတ်လို့ပါ။

ဒီလို အဖြစ်အပျက် သေးသေးလေးတွေ၊ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေ တတ်ရင် ဆရာဝန်ဆီ သွားပြတာ အကောင်းဆုံး ဖြစ်နိုင်မှာပါ။

၈) လက်ဖျားတွေမှာ တစ်ရွရွဖြစ်နေခြင်း

ဒါတွေကသိပ်အရေးကြီးတဲ့ ပြဿနာ တစ်ခုတော့ မဟုတ်ပေမယ့် သင့်အနေနဲ့ စစ်ဆေး သင့်ပါတယ်၊ ဒီလို ရွစိရွစိ ခံစားနေရတာဟာ ဆီးချို ရောဂါကြောင့်၊ ဗီတာမင် B12 အားနည်း တာကြောင့်၊ Thyroid ပြဿနာကြောင့်၊ အလာ့ဂျစ် ဖြစ်နေ တာကြောင့်၊ ဒါမှမဟုတ် တခြားရောဂါ တစ်ခုခုကြောင့်၊ လက်ချောင်းလေး တွေရဲ့အလယ်ပိုင်း ကနေ စပြီး ခံစားရ တတ်ပါတယ်။

Ref: Mirror

Originally published at - http://health.thithtoolwin.com/2016/01/blog-post_39.html


No comments:

Post a Comment