ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 16, 2016

ကော်ဖီနဲ့ ၀ိုင်တွေဟာ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်




နေ့စဉ် စားသုံးနေတဲ့ အစား အစာတွေနဲ့ မှီဝဲနေတဲ့ ဆေးဝါး တွေဟာ အူတွင်းးမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို အကူအညီိ ဖြစ်စေတာ ရှိသလို ကျန်းမာရေးကို ထိခိုက် စေနိုင် တာတွေလည်း ရှိတယ်လို့ လေ့လာချက် အသစ်တွေက အကြံပေး ထားပါတယ်။

သစ်သီး ၀လံတွေ၊ အသီး အရွက်တွေ၊ ကော်ဖီ၊ လဘက်ရည်၊ ၀ိုင်၊ ဒိန်ချဉ်နဲ့ နို့ထောပတ် တွေက အူတွင်းရှိ အကျိုးပြု ဘက်တီးရီးယား များစွာကို ပေါက်ဖွား စေနိုင် ပါတယ်။

ဒီပိုးမွှားတွေက ဖျားနာမှုတွေကို သက်သာ ပျောက်ကင်းစေဖို့ အကူအညီ ပေးနိုင်တယ်လို့ သုတေသီ Dr.Jingyuan Fu က ရှင်းလင်း ပြောပြ ထားပါတယ်။

ကာဗို ဟိုက်ဒရိတ်တွေ ပါတဲ့ အစားအသောက် တွေကတော့ အူတွင်းမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို လျော့နည်း စေနိုင်တာကို Fu နဲ့ သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေက တွှေရှိခဲ့ရ ပါသတဲ့။ အဆီဓါတ် မြင့်မားစွာ ပါဝင်တဲ့ နွားနို့တွေနဲ့ ဆိုဒါ အချိုရည် တွေမှာ ကာဗို ဟိုက်ဒရိတ်တွေ များစွာ ပါဝင် နေတာ ဖြစ်ပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_97.html

No comments:

Post a Comment