ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 16, 2016

မျိုးဗီဇတစ်မျိုး များပြား ပျံ့နှံ့စွာ ပါဝင်ခြင်းဟာ ပိုမိုအိုမင်း ရင့်ရော်တယ်လို့ ထင်ရစေနိုင်




မျိုးရိုးဗီဇ အမျိုးမျိုး ကွာခြား မှုဟာ လူတစ်ယောက် ခြင်းရဲ့ ပိုမို ပျိုမြစ်နုနယ်တဲ့ အသွင် အပြင် ပိုင်ဆိုင်စေနိုင်ဖို့ အကူအညီ ဖြစ်စေ တယ်လို့ သုတေသီ တွေက ဆိုပါတယ်။

MC1R လို့ လူသိ များတဲ့ မျိုးရိုး ဗီဇတစ်မျိုးဟာ အသား အရည်နဲ့ ဆံပင် အရောင်တွေ ပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ MC1R ပျံ့နှံ့ များပြား မှုဟာ အနီရောင် ဆံပင်၊ ဖြူဖွေးတဲ့ အသားရောင်တွေကို ရရှိစေ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာချက် အသစ်မှာတော့ ဒီလို မျိုးဗီဇတွေဟာ အိုမင်း ရင့်ရော်မှု အပေါ် အကျိုး သက်ရောက်မှု ရှိတာကို တွေ့ရှိ ခဲ့ရတာ ဖြစ်ပါတယ်။

MC1R မျိုးဗီဇ များပြားပျံ့နှံ့မှု ပိုရှိ သူတွေဟာ လက်ရှိ အသက် အရွယ်ထက် ၂ နှစ်ခန့် ပိုအသက် ကြီးတယ်လို့ ထင်ရစေနိုင်တဲ့ ရုပ်ရည် သွင်ပြင်ကို ရရှိနိုင်ကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/05/blog-post.html

No comments:

Post a Comment