ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 28, 2016

ငရုတ်သီးစားခြင်းက အသက်ရှည်စေနိုင်




ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံ ခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက် ရှည်စေ ပါတယ်။ ငရုတ်သီးမှာ ပါဝင်တဲ့ Capsaicin ဒြပ်ပေါင်းဟာ ဆိုရင်တော့ နာကျင်မှု အာရုံခံ ပရိုတိန်း TRVPI ကို ဟန့်တား ပေးပါတယ်။

ဒါကြောင့် ငရုတ်သီး တောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန် စားသုံးခြင်းဖြင့် အသက် ရှည်နိုင် တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီ အင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှု အာရုံခံ ပရိုတိန်း မထုတ် လုပ်နိုင်အောင် မျိုးရိုး ဗီဇပြုပြင်ပြီး အဲဒီ လေ့လာမှုကို ပြုလုပ် ခဲ့ကြတာပါ။

TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်နေပါတယ်။ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တဲ့ အပြင် ပိုမို ကျန်းမာပြီး ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်း ပါတယ်တဲ့။

အသက် အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည် ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက် လှုပ်ရှားမှု ပိုမိုပြုလုပ် စရာ မလိုဘဲ အဆီပိုတွေကို လောင် ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက် အရွယ် အိုမင်းလာတဲ့ တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်း အပါအ၀င် ဇီဝရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေ တုန်းဖြစ်ကြောင်း စတဲ့အကြောင်းအရာတွေကို သုတေသီတွေက ရှာဖွေနိုင်ခဲ့တာပါ။

ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှုသက်သာစေရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန်အသုံးဝင် နိုင်တယ်လို့ အဲဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ ပါမောက္ခ သုတေသီက ပြောကြားခဲ့ပါတယ်။

Ref : Cell

Originally published at - http://health.thithtoolwin.com/2016/04/blog-post_22.html

No comments:

Post a Comment