ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 28, 2016

သက်ကြီးပိုင်းများ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ပေးပါက စောစီးစွာ သေဆုံးနိုင်ချေနည်း




ကိုယ်ကာယ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိတဲ့ (တစ်နည်းအားဖြင့် ရုပ်ပိုင်းဆိုင် လှုပ်ရှားမှု ပုံစံကွဲ တွေကို ပြုလုပ်လေ့ ရှိတဲ့) အသက် အရွယ် ကြီးရင့်သူ တွေဟာ စောစီးစွာ
သေဆုံးနိုင်ချေ လျော့ကျ နိုင်တယ်လို့ လေ့လာမှု အသစ် တစ်ခု အရ သိရပါတယ်။

Penn ပြည်နယ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေ တွေ့ရှိခဲ့ကြတာက တစ်ပတ်မှာ ၂ ကြိမ် ကိုယ်ကာယ လေ့ကျင့်မှု ပြုလုပ်သူ အသက် ၆၅ နှစ်အထက် လူကြီးတွေဟာ ထက်ဝက်ခန့် သေဆုံးနိုင်ချေ နည်းပါးသွားကြပြီး နှလုံးရောဂါ ၊ ကင်ဆာရောဂါ တို့ ဖြစ်ပွားနိုင်ချေလည်း လျော့ကျသွားတာကို တွေ့ခဲ့ကြပါတယ်။

ထို လေ့လာမှုကိုတော့ Preventive Medicine ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး သုတေသီတွေဟာ အသက် ၆၅ နှစ်အထက် လူကြီး ၃၀၁၆၂ ယောက်ကို အချက်အလက်များ
ကောက်ယူခဲ့တာ ဖြစ်ပြီး ထိုအချက်အလက်တွေကိုတော့ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေး အင်တာဗျူး စစ်တမ်းကောက်ယူမှုအဖြစ် ရှာဖွေခဲ့ကြ တာပဲ ဖြစ်ပါတယ်။

လေ့လာမှု ပြုလုပ်နေစဉ်အတွင်း ထိုလူဦးရေ ရဲ့  ၉.၆ ရာခိုင်နှုန်းဟာ ကိုယ်ကာယ လေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ကြပြီး ၃၁.၆ ရာခိုင်နှုန်းကတော့ လေ့လာမှု ပြုလုပ်နေစဉ် အတွင်းမှာ သေဆုံး သွားကြပါတယ်။

ထို ၉.၆ ရာခိုင်နှုန်းကတော့ တစ်ပတ်ကို ၂ ကြိမ် ကိုယ်ကာယ လေ့ကျင့်မှုတွေ ပြုလုပ်ကြပြီး ရောဂါအမျိုးမျိုး ကြောင့် သေဆုံးနိုင်ချေကနေ ၄၆ ရာခိုင်နှုန်းခန့် အထိ လျော့နည်း သွားစေပါတယ်။

ဒါ့အပြင် ထိုပုဂ္ဂိုလ်တွေဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကြောင့် သေဆုံးနိုင်ချေကလည်း ၄၁ ရာခိုင်နှုန်းအထိ လျော့နည်း ပြီး ကင်ဆာကြောင့် သေဆုံးနိုင်ချေလည်း ၁၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့တာကို တွေ့ရပါတယ်။

ပျမ်းမျှအားဖြင့်တော့ လေ့လာမှုမှာပါဝင်ခဲ့သလို ကိုယ်ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ အသက် ၆၅ နှစ်ဝန်းကျင် လူကြီးတွေဟာ အိမ်ထောင်ရှိကြပြီး လူဖြူများဖြစ်ကြကာ ခန္ဓာကိုယ်အလေးချိန် သာမန်အနေအထားရှိသလို ပညာရေးမှာလည်း အလယ်အလတ် အဆင့်ရှိကြတယ်လို့ သိရပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_50.html

No comments:

Post a Comment