ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 2, 2016

ဆံပင် မကျွတ် တော့အောင် ရပ်တန့် နည်းများ



ဆံပင် အရင်းတွေ အားနည်းပြီး ဆံပင်တွေ ကျွတ်နေလို့ စိတ်ညစ် နေရင်တော့ ဒီနည်းလမ်း လေးတွေက ဆံပင်ကျွတ် တာကို ရပ်တန့် ပေးနိုင် ပါလိမ့်မယ်။

ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ ဆံပင် ပေါင်းဆေး တွေကိုတော့ ကိုယ်ပိုင် နည်းလမ်း တွေနဲ့ ပြုလုပ်နိုင် ပြီးတော့ ခေါင်းလျှော် ပြီးရင် ဒီပေါင်းဆေး လေးတွေကို အသုံးပြု သင့်ပါတယ်။

(၁) rosemary ရည်ကို ရေနွေး ပူပူထဲတွင် ထည့်၍ မိနစ် (၂၀) လောက် ထည့်ထားပါ။ အဲ့နောက် မှာတော့ အအေးခံ လိုက်ပါ။ ကြက်ဥ တစ်လုံးကို ဖောက်ထည့်ပြီး ဆံပင်အမြစ် အထိ ရောက်အောင် သုတ်လိမ်းပြီး ခဏအကြာမှာမှ ဆေးချလိုက်ပါ။

(၂) သင်္ဘောသီး တစ်ခြမ်းကို မိမိ၏ ဆံပင်အရှည်၊ အတိုအရွယ်ကို ချိန်ပြီး အသားများကို ထုတ်၍ အစေ့ များကို ဖယ်ပါ။ ကြိတ်စက်ဖြင့် ကြိတ်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ဒိန်ချဉ် လက်ဖက်ရည် ပန်းကန် တစ်လုံး စာနှင့် ရော၍ ဆံပင်ကို လိမ်းပြီး နှိပ် နယ်ပေးပါ။ ထို့နောက် မိနစ် (၃၀) ခန့် ထားပြီးမှ ဆေးချပါ။

(၃)ကြက်ဆူဆီ၊ မုန်ညင်းဆီ ၊ သံလွင်ဆီတို့ကို အချိုးဆတူ ရောပါ။ မိမိ၏ ဆံပင် အထူအပါး အပေါ် မူတည်ပြီး အချိန်အဆကို အတိုး အလျော့ လုပ် နိုင်သည်။

ဆတူရောပြီး ပါက ဆံပင် ကို လိမ်းပြီး မျက်နှာ သုတ်ပ၀ါနှင့် ပတ်၍ နာရီဝက်ခန့် ထားပါ။ ဆီများစင် အောင် ခေါင်းလျှော်ရည်နှင့် ဆေး ချပါ။ ဆံပင် ကျွတ်ခြင်း အတွက် ထိ ရောက် စေသော နည်းလမ်း ကောင်းတွေပဲ ဖြစ်ပါတယ်။

Ref : WebMD

( Paing A K )

Originally published at - http://health.thithtoolwin.com/2016/03/blog-post.html


No comments:

Post a Comment