ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 3, 2016

ဝက်ခြံထွက်တတ်တဲ့ အသားအရည် ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်




တစ်ခါ တစ်ရံ သူများနဲ့ စကားပြောတဲ့ အခါ ကိုယ့်မျက်နှာက ၀က်ခြံကို စိုက်ကြည့် နေတဲ့ အခိုက် အတန့် မျိုးကြောင့် ရှိုးတို့ ရှန်းတန်း ဖြစ်ဖူးသလား။ အသား အရည် လှပ ကြည်လင် စေဖို့ နည်းလမ်း ပေါင်း စုံနေအောင် စမ်းကြည့်ဖူးသလား။

နို့ထွက် ပစ္စည်းတွေ လျှော့စားပါ

မျက်နှာမှာ ၀က်ခြံတွေ ထွက်ရတဲ့ အကြောင်းအရင်း တစ်ချက်ကတော့ နို့ထွက် ပစ္စည်း တွေကြောင့် ဖြစ်ပါသတဲ့။

ဘာလို့လဲဆိုတော့ မွေးမြူရေး နွားတွေဟာ နို့ထွက် ပိုမို ကောင်းမွန် စေဖို့ ဟော်မုန်း ဆေးတွေ အများကြီး ထိုးခံရတဲ့ အတွက် ဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းတွေက အဆီထွက် တတ်တဲ့ အသား အရည် မျိုးတွေကို ၀က်ခြံတွေ ထွက်စေဖို့ တွန်းအား ပေးလို့ပါပဲ။

မျက်နှာပေါ်မှာ ၀က်ခြံတွေ အများကြီး ထွက်လာပြီ ဆိုရင်တော့ နို့ထွက် ပစ္စည်းတွေ ဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမုန့် စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစား သင့်ပါပြီ။

ခေါင်းအုံးစွပ်ကို မကြာခဏ လဲလှယ်ပါ

၃၊ ၄ ရက် တစ်ကြိမ် ခေါင်းအုံးစွပ် လဲလှယ်ခြင်း ဟာလည်း ၀က်ခြံတွေ ပိုမို ဆိုးရွား သွားစေမှုကို ကာကွယ် ပေးနိုင်ပါတယ်။ ညတိုင်း ခေါင်းအုံး အိပ်နေတဲ့ ခေါင်းအုံးပေါ်ကို ဆံပင်မှာ ရှိတဲ့ ဘက်တီးရီးယာား ပိုးမွှားတွေက ရောက်ရှိနေ တတ်ပါတယ်။

ဒီလိုခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းဟာလည်း မျက်နှာပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိ လာနိုင်ပြီး ယားယံခြင်း၊ ၀က်ခြံထွ က်ခြင်းတွေ ဖြစ်စေပါတယ်။

ခေါင်းအုံးစွပ်မကြာခဏ လဲဖို့ ပျင်းတယ် အလုပ်ရှုပ်တယ် ဆိုရင်တော့ ခေါင်းအုံးပေါ်မှာ တံဘက် အသေးလေး တင်ပြီး အိပ်လို့လည်း ရပါတယ်။

အဆာမခံပါနဲ့

တစ်ခါတလေမှာတော့ ၀က်ခြံ ထွက်တာဟာ အပြင်ပမ်း ရုပ်ပိုင်း ဆိုင်ရာကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်း ကကြောင့်လည်း ဖြစ်နိုင် ပါတယ်။ နေလောင်ဒဏ် ကာကွယ်တဲ့ ခရင်မ်တွေ၊ သောက်ဆေးတွေ၊ လေဆာ ရောင်ခြည် ကုသမှုတွေ လုပ်ပေမယ့် ၀က်ခြံတွေ သက်သာ မသွားတာကို တွေ့ရ တတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်ဆစ် ဓါတ်တွေကြောင့် ဖြစ်ပါသတဲ့။

ခန္ဓာကိုယ် အတွက် လိုအပ် အဟာရဓါတ်နဲ့ အစားအစာ တွေကို ပြည့်ဝအောင် မစားသောက်ဘူး ဆိုရင် အစာအိမ် ထဲရှိ အက်ဆစ် ဓါတ်တွေ ပိုမို ထွက်ရှိလာ တတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ် နည်းပါးတယ် ဆိုရင်တော့ Betaine HLC ဆိုတဲ့ ဓါတ် တစ်မျိုး ထုတ်လုပ် ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင် အဆီပြန်ခြင်း တွေကို လျှော့ချပေး နိုင်ပါတယ်။

Ref : zalora

Originally published at - http://health.thithtoolwin.com/2016/02/blog-post_26.html


No comments:

Post a Comment