ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 5, 2016

အမျိုးသမီးတိုင်း စစ်ဆေးသင့်တဲ့ ရောဂါ (၅) မျိုး




ကိုယ်က ကျန်းမာနေလို့ ဘာရောဂါမှ မရှိဘူးလို့ မထင် လိုက်ပါနဲ့။ တချို့ရောဂါတွေက ဖြစ်စရမှာ သိသာတဲ့ လက္ခဏာ မျိုးတွေ မပြပါဘူး။ သိသာတဲ့ လက္ခဏာတွေ ပြလာတဲ့ အခါမှာ အချိန်နှောင်း သွားတာမျိုး ဖြစ်တတ် ပါတယ်။

အမျိုးသမီးတိုင်း စစ်ဆေးကြည့်သည့်တဲ့ ရောဂါတွေ ကတော့

၁။ သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးတွေဟာ အသက်(၂၁) ပြည့်ပြီး (သို့) လိင်ဆက်ဆံပြီး (၃)နှစ်အကြာမှာ သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးပေးသင့်ပါတယ်။ ပုံမှန်အနေနဲ့ (၃) နှစ် တစ်ကြိမ်လောက်တော့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒီလို စစ်ဆေးလိုက်ခြင်းအားဖြင့် ရောဂါမရင့်ခင်မှာပဲ သားအိမ်ထဲမှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေများတဲ့ ဆဲလ်တွေကို ကင်ဆာအဆင့် မရောက်ခင် ကြိုတင်ကုသလို့ ရနိုင်ပါတယ်။

၂။ ရင်သားကင်ဆာ

အမျိုးသမီးတွေ အသက်(၄၀) ကျော်လာတာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် ရင်သားတဝိုက် ကင်ဆာဖြစ်စေနိုင်တဲ့ အကြိတ်အခဲတွေ ရှိမရှိဆိုတာ စမ်းသပ်ဖို့ လိုအပ်ပါတယ်။ ဒီလို စစ်ဆေးလိုက်ခြင်းအားဖြင့် ရင်သားကို အန္တရာယ်ဖြစ်စေတဲ့ အကြိတ်အဖုတွေကို ရှာဖွေတွေ့ရှိ နိုင်ပါတယ်။ ရောဂါကို စောစောစီးစီး သတိပြုမိတဲ့အခါ အခြားနေရာတွေကို မပြန့်ပွားစေဖို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ အရေပြား ကင်ဆာ

အရေပြား ကင်ဆာကတော့ ရင်သားကင်ဆာပြီးရင် မိန်းမတွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခုပါပဲ။ အကယ်၍ မျိုးရိုးရှိခဲ့မယ်ဆိုရင်တော့ တစ်နှစ်တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ အရေပြားပေါ်မှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေများတဲ့ ဦးရေပြား၊ ခြေချောင်း စတဲ့ နေရာတွေမှာ အသေးစိတ် စစ်ဆေးခြင်းအားဖြင့် ကြိုတင်ကာကွယ်မှု ရယူနိုင်ပါတယ်။

၎။ နှလုံးရောဂါ

သေဆုံးသူ အမျိုးသမီးတွေရဲ့ (၃)ပုံ (၂)ပုံလောက်ဟာ နှလုံးရောဂါကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို အမြဲ သတိရှိနေဖို့ လိုအပ်ပါတယ်။ မျိုးရိုးမရှိဘူးဆိုပြီး နှလုံးရောဂါကို ပေါ့ဆလို့ မရပါဘူး။ သွေးပေါင်ချိန် ဂရုတစိုက် စစ်တာမျိုး၊ ဂလူးကို့စ် လည်ပတ်မှုနှုန်း စစ်ဆေးပေးတာမျိုး၊ ကိုလက်စထရော စစ်ဆေးတာမျိုး ပြုလုပ်ပေးရပါမယ်။

၅။ သားဥအိမ် ကင်ဆာ

ကင်ဆာတွေအများအပြား ရှိတဲ့ထဲကမှ သားဥအိမ်ကင်ဆာဟာ သေကြေပျက်စီးမှု အများဆုံး ဖြစ်စေတဲ့ရောဂါ တစ်ခုဖြစ်ပါတယ်။ အဖြစ်များတာတော့ အသက် (၅၀)နဲ့ (၇၅) ကြားအရွယ်ဖြစ်ပေမယ့် အမျိုးသမီးတိုင်း မပေါ့ဆဘဲ ကြိုတင်စစ်ဆေး ကာကွယ်ကြဖို့ လိုအပ်ပါတယ်။

Source : ဂန္တဝင်

Originally published at - http://www.duwun.com.mm/lifestyle/


No comments:

Post a Comment