ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 12, 2016

အမျိုးသမီးတွေ အမျှင်ဓာတ်များတဲ့ အစားတွေကို စားသုံးပေးရင် ရင်သားကင်ဆာ ဖြစ်မှုကို လျှော့ချနိုင်




ဟားဗတ် တက္ကသိုလ်က ပညာရှင်တွေရဲ့ လေ့လာချက် အရတော့ အမျိုးသမီးတွေ အနေနဲ့ ငယ်ရွယ်စဉ်နဲ့ အရွယ်ရောက်ပြီး ချိန်တွေမှာ အမျှင်ဓာတ် များတဲ့ အစားအစာ တွေကို စားသုံးပေး ရင်တော့ ရင်သား ကင်ဆာ ဖြစ်ပွားနိုင် မှုကို ရာနှုန်း ၂၀ အထိကို လျှော့ချ ပေးနိုင်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေ အနေနဲ့တော့ အရွယ်ရောက်ပြီး အချိန်မှာ အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားသုံးပေးတာက အသက်အ ရွယ်ကြီးလာတဲ့ အချိန်မှာ ရင်သား ကင်ဆာ ဖြစ်ပွားမှု မရှိအောင်ကို လျှော့ချ ပေးနိုင်ပါတယ်။

လေ့လာသူတွေဟာ ဆိုရင်တော့ အမျိုးသမီးတွေရဲ့ စားသောက်နေထိုင် ပုံတွေကို လေ့လာ ခဲ့ကြပါတယ်။ ဒီလိုလေ့လာ ချက်တွေ အရတော့ အရွယ်ရောက်ပြီး ချိန်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာ တွေကို ပုံမှန် စားသုံးတဲ့ အမျိုးသမီးတွေဟာ ဆိုရင်တော့ ရင်သား ကင်ဆာဖြစ်ပွားနိုင် မှုကို ၁၆ ရာနှုန်း ကနေ ၂၄ ရာနှုန်း အထိ လျှော့ချနိုင် ခဲ့တာကို တွေ့ခဲ့ ရပါတယ်။

အမျိုးသမီးတွေ လူလားမြောက်လာတဲ့ အချိန်မှာ အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေ ကနေရရှိတဲ့ အမျှင်ဓာတ်တွေကို တစ်နေ့ကို ၁၀ ဂရမ်လောက် ဖြည့်စွက် စားသုံးပေး တာဟာ ဆိုရင်တော့ ရင်သား ကင်ဆာကို မဖြစ်ပွားနိုင် တော့အောင်ကို တားဆီး ပေးနိုင်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း ၊ ငှက်ပျောသီး ၊ လိမ္မော်သီး ၊ ပန်းသီး ၊ အာလူး စတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

လေ့လာသူတွေ ကတော့ အမျှင်ဓာတ်ပါတဲ့ အစားအစာ တွေက ဒီရောဂါဖြစ်နိုင် စွမ်းကို ဘာကြောင့် လျှော့ချပေးတယ် ဆိုတာကို မသိကြသေးပါဘူး။

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ သွေးတွင်းမှာ အက်စထရိုဂျင် ပါဝင်မှုကို လျှော့ချပေးနိုင်ပြီး ဒီဓာတ်ဟာ ရင်သား ကင်ဆာနဲ့ ဆက်စပ်မှု ရှိလား ဆိုတာကိုတော့ သုတေသီတွေက ဆက်လက် လေ့လာ သွားမှာပါ။

ရင်သားကင်ဆာဟာ ဆိုရင်တော့ အမေရိကန် အမျိုးသမီးတွေ ကြားမှာ အရေပြား ကင်ဆာ ပြီးရင် အဖြစ် အများဆုံး ရောဂါ တစ်မျိုးဖြစ်ပြီး နှစ်စဉ် အမေရိကန် အမျိုးသမီး နှစ်သိန်းခွဲ နီးပါး ခံစားနေရတဲ့ ရောဂါ တစ်မျိုးလည်း ဖြစ်ပါတယ်။

Ref : MNT

Originally published at - http://health.thithtoolwin.com/2016/02/blog-post_91.html


No comments:

Post a Comment