ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 17, 2016

ဇီကာ ဗိုင်းရပ်စ်သစ် တမျိုးနှင့် ပတ်သက်၍ အမေရိကန် သတိပေးချက် ထုတ်ပြန်




ခြင်က တဆင့် ကူးစက် တတ်တဲ့ ဇီကာ (Zika) အမည်ရတဲ့ ဗိုင်းရပ်စ်သစ် တမျိုးဟာ လက်တင် အမေရိကနဲ့ ကာရစ်ဘီယမ် ဒေသတွေမှာ ပျံ့နှံ့နေတဲ့အတွက် အဲဒီ ဒေသတွေကို ခရီးသွား လာမှု အပေါ် အမေရိကန်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (စီဒီစီ) က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။

ဇီကာလို့ အမည်ပေး ထားတဲ့ ဒီဗိုင်းရပ်စ်ဟာ ခြင်ကိုက်ရာ ကနေ ရောဂါ ကူးစက်တာ ဖြစ်ပြီး ကမ္ဘာ့ ရာသီဥတု အပူချိန်မြင့်တက် ရာမှ ရေပြင်မှာ ပေါက်ဖွားတဲ့ ခြင်မျိုးဆက်သစ် တမျိုးမှာ တွေ့ရတဲ့ ရောဂါ တမျိုး ဖြစ်ပါတယ်။

အာဖရိက၊ အရှေ့တောင်အာရှ၊ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေမှာ တွေ့ရတာကနေ ခုချိန်မှာတော့ လက်တင်အမေရိက နိုင်ငံတွေထိ ပျံ့နှံ့လာတဲ့အတွက် ခုလို သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာလို့ ရာဟူး (Yahoo) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဲဒီဒေသတွေကို သွားလာရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးသဖြင့် သတိပေးထားတာဖြစ်ပြီး ရောဂါကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်တဦးကို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာ ပထမအကြိမ်အဖြစ် အဲဒီဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကလေးမွေးဖွားလာမှုနောက်မှာ ခုလို သတိပေးတာတွေ ထုတ်ပြန်ခဲ့ရတာပါ။

အဲဒီဒေသတွေကို သွားလာကြမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သွားလာသင့်တယ်လို့ စီဒီစီက အကြံပြု ပြောဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/131300


No comments:

Post a Comment