ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

မအိုအောင် ဆောင်သင့်တဲ့ အချက်များ




ဘယ်သူမှ ဆံပင်တွေ ဖြူလာပြီ၊ အရေပြားတွေ တွန့်လာပြီလို့ ပြောရင် ကြိုက်မယ် မထင်ဘူး။ ဒါကြောင့် နေ့တိုင်း မှန်ကြည့်ပြီး သောကရောက် ရသူတွေ များပါတယ်။ မအိုအောင် လုပ်တဲ့နည်း ရှိပါတယ်။ အချိန် မတိုင်မှီ သူများနဲ့ ယှဉ်လိုက်ရင် အိုစာကျသွား လိုက်တာနော်လို့ အပြော မခံရအောင် အစား၊ အသောက်၊ အနေအထိုင်၊ အအိပ် စတဲ့ ကိစ္စတွေကို ဆင်ခြင်လို့ ရပါတယ်။

စိတ်ဖိစီး မခံပါနဲ့

လူတွေက အလုပ်များတယ်၊ အလုပ်ရှုပ် နေတယ်လို့ ပြောချင် ကြတယ်။ စိတ်ရှုပ်ခံ နေတာကိုက မော်လီကျူး တွေကို ပျက်စီး စေတယ်။ ကိုယ်ခန္ဓာထဲက ဆဲလ်တွေ ပျက်တာမြန်ရင် အိုတာမြန်မယ်။

ဒါကြောင့် အလုပ်တော့ လုပ်ပါ။ ဘယ်နေရာမှာမှ ငါမပါ မပြီးဆိုတဲ့ စိတ်မျိုး မထားပါနဲ့။ လုပ်နိုင်မှ အလုပ် မဟုတ်ပါဘူး။ ခိုင်းတတ်အောင် စီမံနိုင်ဖို့လည်း လိုပါတယ်။

အချိုကို ရှောင်

ကျန်းမာအောင် အချိုရှောင်ရမယ်။ သကြားမှာ ပါတဲ့ မော်လီကျူးတွေက ပရိုတိန်း ဖိုင်ဘာတွေကို ဖျက်ဆီး တတ်ပါတယ်။ Glycation တွေကို ဖျက်ဆီး တာကလည်း သကြားပါပဲ။ Glycation တွေ ပျက်စီးရင် အရေပြားတွေ ခန်းခြောက် နိုင်တယ်။ ရလဒ်တွေက မျက်ကွင်း ညိုမယ်၊ အသံ ပျက်မယ်၊ အရေပြားတွေ တွန့်လာနိုင်တယ်။ ဒါကြောင့် အချိုကို ရှောင်သင့်တယ်။

တစ်ည အနည်းဆုံး ၅ နာရီ အိပ်မယ်

အအိပ်အနေ နည်းရင် မျက်လုံးအောက်က မျက်ရစ်တွေ မို့မောက် ထွက်လာ တတ်တယ်။ အဲဒီ လက္ခဏာဟာ ဇရာရဲ့ လက္ခဏာ တစ်မျိုးပဲ။ ဆရာဝန်တွေ ကတော့ ၇ နာရီလောက် ရအောင် အိပ်သင့်တယ်လို့ ပြောကြတယ်။ အိပ်ချိန် မရဘူး ဆိုတာတောင် ၅ နာရီလောက် အနည်းဆုံး အချိန်ပေး သင့်တယ်။ အိပ်တာနည်းရင် စိတ်ပင်ပန်းမယ်၊ သောကများမယ်၊
နုံးချည့်ပြီး နေလိမ့်မယ်။

တီဗီရှေ့မှာ အကြာကြီး မထိုင်ပါနဲ့

တီဗီရှေ့မှာ မိနစ် ၃၀ လောက် ထိုင်လိုက်ရင် ဆဲလ်တွေ ထဲမှာ သကြားဓာတ်က အနည်ထိုင် သွားမယ်။ ရလဒ်က အ၀လွန် လာတယ်။ အ၀လွန်ရင် အသားအရေတွေ
ပျော့တွဲပြီး ပျက်စီး လာနိုင်တာ သတိပြုရမယ်။ ဒါကြောင့် နာရီဝက်လောက် ထိုင်ပြီးတိုင်း လှုပ်ရှားမှု တစ်ခုခု လုပ်သင့်တယ်။

အလုပ်မှာ ကြာကြာ ထိုင်နေသလား

လုပ်ငန်းခွင်မှာ ကြာကြာ ထိုင်တတ်သူတွေ ကျောက်ကပ် ရောဂါ ဖြစ်တတ် ပါတယ်။ နှလုံးနဲ့ ကင်ဆာ ဖြစ်ပွားမှုတွေ ဟာလည်း အလွန် ထိုင်သူတွေမှာ များတယ်။ ဒါကြောင့် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း လုပ်နိုင်ရင် အသက် ၁၀နှစ် ကနေ ၁၃နှစ် အထိပိုပြီး ရှည်နိုင်တယ်။

မျက်လုံးကို Eye Cream တွေ မသုံးပါနဲ့

အသားအရေ ကောင်းအောင်ဆိုပြီး ခရင်မ်တွေ လိမ်းကြတယ်။ မျက်လုံး အတွက် Eye Cream တွေ မသုံးဖို့ လိုပါတယ်။ မျက်ဝန်း တစ်ဝိုက်က အရေပြားတွေဟာ ပိုပြီးနူးညံ့တယ်။ ဒါကြောင့် ပျက်စီးတာ မြန်တယ်။ မျက်ဝန်း တစ်ဝိုက်တင်းပြီး ခြောက်သွေ့လွန်းရင် လိုင်းတွေ ပေါ်လာ တတ်တာကို သတိပြု သင့်ပါတယ်။

ခေါင်းအုံးနဲ့ မျက်နှာ ကပ်အိပ်ပါ

ခေါင်းအုံးပေါ်မှာ မှောက်လျက် အိပ်တာ သို့မဟုတ် တစောင်း အိပ်တာဟာ မျက်နှာ အရေပြားတွေမှာ အရေး အကြောင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ပက်လက်အိပ်တာက
နုပျိုဖို့ ပိုကောင်းစေမှာပါ။

အပူ သို့မဟုတ် အအေးကို စုပ်တံနှင့် သောက်ခြင်း

အရည် တစ်မျိုးမျိုးကို သောက်ရာမှာ Straw လို့ ခေါ်တဲ့ စုပ်တံနဲ့ သောက်တာက သွားမှာ အစွန်း အထင်းတွေ လျှော့စေပေမယ့် အရေး အကြောင်းတွေ ဖြစ်စေလို့ ရှောင်ကြဉ် သင့်ပါတယ်။

အဆီများများ မစားပါနဲ့

အဆီဆိုတာ ငယ်ရွယ်စဉ် ကောင်းပေမယ့် အရွယ် ရလာရင်တော့ ရှောင်တာ ကောင်းပါတယ်။ အဆီများတဲ့ အသား၊ သစ်ကြားသီး၊ မြေပဲဆန်၊ နေကြာစေ့ တွေကို
ရှောင်သင့် ပါတယ်။ ငါးသေးသေး လေးတွေနဲ့ အသီးအရွက် များများ စားသင့် ပါတယ်။ ဦးနှောက်နဲ့ နှလုံးကောင်းရင် မအိုဘူးလို့ ဆိုပါတယ်။ ဆင်ခြင်စားဖို့ ပြောတာပါ။

ပျော့တိပျော့ခွေ မနေပါနဲ့

ထိုင်လည်း မတ်မတ်ထိုင်၊ သွားလည်း မတ်မတ် သွားပါ။ ကွန်ပျူတာ ရှေ့မှာ ကြာကြာ ထိုင်ရသူတွေ ခါးကို ကွေးပြီး အထိုင်များရင် ခါးကုန်း သွားနိုင် ပါတယ်။ ကိုယ်ခန္ဓာ အနေအထိုင်ဟာ ကြွက်သားတွေကို အများကြီး ပြုပြင်ပြောင်းလဲ နိုင်ပါတယ်။ ဒါကြောင့် ခါးကို သတိထား ယိုင်မသွားစေနဲ့လို့ ပြောကြပါတယ်။

Ref: Everyday Habits That Are Aging You, Linda Melone

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly/


No comments:

Post a Comment