ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

မျက်နှာကို ဖြူစင်ဝင်းပ လာစေမယ့် သဘာဝ နည်းလမ်းများ




နေရောင်ခြည် အောက်မှာ သွားရင်း လာရင်း၊ အလုပ် လုပ်ရင်းနဲ့ အသား အရေတွေ ညိုမည်း ခြောက်သွေ့ လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန် လွန်းတဲ့ နေရောင်ခြည် ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြား ကင်ဆာ တွေလည်း ဖြစ်နိုင် ပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ နည်းတွေ ကတော့ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသား အရေကို ပြန်လည် ဝင်းပ လာစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

သရက်သီးနဲ့ နွားနို့

မွှေထားတဲ့ သရက်သီး အနှစ်ထဲကို နွားနို့ လက်ဖက်ရည် တစ်ဇွန်းခန့် ထည့်ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီးမှ မျက်နှာသစ် လိုက်ပါ။ သရက်သီးမှာ ပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာ အရေပြားပေါ်က အဖုအထစ် လေးတွေကို စုပ်ယူပြီး နွားနို့က ဆေးကြော ပေးလိုက် တာကြောင့် မျက်နှာကို ချောမွတ်တောက်ပ လာစေပြီး အရေပြား ကင်ဆာ ကနေလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

ှ*သတိပြုရန် = သရက်သီးကို မွှေထားစဉ်မှာတော့ ယင်ကောင်တွေ မနားစေ ရပါဘူး။ ရေရောထားတဲ့ နွားနို့တော့ မဖြစ်စေ ရပါဘူး။*

နွားနို့နဲ့ ပျားရည်

နွားနို့စစ်စစ် မတ်ခွက် တစ်ဝက်ခန့်ကို ပျားရည် တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပ လာစေပါတယ်။

ပျားရည်နဲ့ ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီး ထဲကို ပျားရည် တစ်ဇွန်းလောက် ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ် ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့် မတိုင်ခင် ပြန်ခွာ နိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ် လာစေတာကို တွေ့ရမှာပါ။

ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကို ခေါက်ပြီး မျက်နှာဖုံး ပြုလုပ်ပေးပါ။ ၁၅ မိနစ်လောက် ကြာအောင် ထားပြီး ပြန်ခွာလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။

မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေ ပါဝင်မှုကြောင့် မျက်နှာကို ပိုမို ၀င်းပ လာစေရုံ မကပဲ ကျန်းမာရေး ကိုလည်း များစွာ အထောက်အကူ ပေးနိုင်ပါတယ်။

Ref: MNT

Originally published at - http://health.thithtoolwin.com/2016/01/blog-post_89.html


No comments:

Post a Comment