ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 6, 2016

ပုံမှန်အားဖြင့် သုတ်ပိုး ထုတ်လွှတ်သူတွေဟာ ကပ္ပာယ်အိတ် ကင်ဆာ ရောဂါ ဖြစ်နိုင်ချေနည်း




တစ်နေ့ကို တစ်ကြိမ် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ပုံမှန် ရရှိတဲ့ အမျိုးသားတွေဟာ ကပ္ပာယ်အိတ် ကင်ဆာရောဂါ ဖြစ်ဖို့ အတွက် အခွင့်အလမ်း နည်းစေတယ် ဆိုတာကို လေ့လာမှု တစ်ခုက တွေ့ရှိခဲ့ ကြပါတယ်။

ဘ၀ တစ်လျှောက်လုံး ပုံမှန်အားဖြင့် လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှု တစ်ခုဖြစ်တဲ့ သုတ်ပိုးထုတ်လွှတ်ခြင်းကို လုပ်ဆောင်ခဲ့တဲ့ ယောကျာင်္းတွေဟာ ကပ္ပာယ်အိတ် ကင်ဆာရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။

ဟားဗာဒ် ဆေးပညာ တက္ကသိုလ်က သုတေသီတွေက ပြောပြခဲ့တာကတော့ သူတို့ အနေနဲ့ ဘာကြောင့် သုတ်ပိုးထုတ်လွှတ်ခြင်းက ကပ္ပာယ်အိတ် ကင်ဆာ ရောဂါ ဖြစ်ဖို့အခွင့်အလမ်း နည်းစေတယ်ဆိုတာကို အတိအကျ သိနိုင်ဖို့အတွက် အခြား သုတေသန တစ်ခု ထပ်လုပ်ဖို့ လိုဦးမယ်လို့ သိရပါတယ်။

လက်ရှိမှာ လက်ခံထားတဲ့ သီအိုရီကတော့ သုတ်ပိုးတွေကို ပုံမှန်အားဖြင့် ရှင်းလင်းလိုက်ခြင်းဟာ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာစေပြီး ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲနိုင်ချေရှိတဲ့ ဆဲလ်အဟောင်းတွေ ဆက်လက်ဖြစ်တည်နေခြင်းကို ရပ်နားစေလိုက်နိုင်ပါတယ်။

သုတေသီတွေဟာ အသက် ၄၀ ကနေ ၄၉ နှစ်ကြားရှိတဲ့ အမျိုးသားတွေကို တစ်လ ကို အနည်းဆုံး ၂၁ ကြိမ်ခန့် သုတ်ပိုးထုတ်လွှတ်စေခဲ့တဲ့အခါမှာ ထို အမျိုးသားတွေဟာ ကပ္ပာယ်အိတ်ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း နည်းသွားစေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါဟာ တစ်လကို ၄ကြိမ်ကနေ ၇ ကြိမ်သာ သုတ်ပိုးထုတ်လွှတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ထားတဲ့ ရလဒ်ပါ။ ဒီသုတေသန ရလဒ်တွေကိုတော့ နယူးအော်လိန်း မြို့ မှာကျင်းပခဲ့တဲ့ American Urological Society ရဲ့  နှစ်စဉ် အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_74.html


No comments:

Post a Comment