ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, January 5, 2016

နေ့လယ်ဘက် တရေးတမော အိပ်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ မှားယွင်းနေတဲ့ အချက် ၅ ချက်


၁ - ပျင်းတဲ့ လူတွေပဲ လုပ်တာ



နေ့လယ်ဘက် တရေးတမော အိပ်တာဟာ ပျင်းတဲ့ လူတွေ လုပ်တဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ Live Science ရဲ့ သုတေသန တစ်ခုမှာ နေ့ခင်း တရေးတမော အိပ်ခြင်းဟာ ဦးနှောက်ကို နိုးကြားစေပြီး ပိုမို တီထွင် ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ နေ့လယ်ဘက် တရေးတမော အိပ်တာဟာ လူပျင်းတွေပဲ လုပ်တဲ့ အလုပ် မဟုတ်ပါဘူး။

၂ - အိပ်ပြီး ပြန်နိုးလာရင် ခေါင်းတွေ နောက်မယ်



နေ့လယ်နဲ့ ညနေ ဘက်တွေမှာ တရေးတမော အိပ်ပြီး ပြန်နိုးလာရင် ခေါင်းနောက် တတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အမြဲတော့ မဟုတ်ပါဘူး။ နေ့လယ်ဘက် တရေးတမော အိပ်ခြင်းဟာ မိနစ် ၃၀ ထက် မပိုသင့် ဘူးလို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။

မိနစ် ၃၀ ထက် ပိုသွားမယ် ဆိုရင် နှစ်နှစ် ချိုက်ချိုက် အိပ်တဲ့ အဆင့်ကို ရောက်သွား မယ်လို့ အိပ်စက်ခြင်း ဆိုင်ရာ အထူး ကျွမ်းကျင်သူ မိုက်ကယ်ဂျေဘရုစ်က Huffington Post မှာ ပြောကြား ထားဖူး ပါတယ်။

၃ - အလုပ်မှာ တရေးတမော မအိပ်သင့်ဘူး



သူဌေးနဲ့ ပြဿနာ တက်အောင် မြှောက်ပေးတာ မဟုတ်ပါဘူး။ အလုပ်မှာ တရေးတမော အိပ်သင့်တာ အမှန်ပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ လက်တစ်ဆုပ်စာ ကုမ္ပဏီလောက် ကသာ နေ့လယ် တရေးတမော အိပ်ဖို့ အခန်း ထားပေး ထားပါတယ်။

တချို့ကတော့ အခန်း မရှိပေမဲ့ နေ့လယ် ထမင်းစားချိန်ကို တရေး တမော မှေးပြီး နားနေနိုင်ဖို့ အချိန် လုံလုံ လောက်လောက် ပေးထား ကြပါတယ်။ ဒီလိုမျိုး နေ့လယ်ဘက် အိပ်ခြင်းဟာ လုန်ငန်းခွင်မှာ ထုတ်လုပ်အား လျော့ကျ မသွားဘဲ ပိုမို အကျိုးဖြစ်ထွန်း စေတယ် ဆိုတာကို သုတေသန အချို့က ထောက်ပြ ထားပါတယ်။

၎ - ကော်ဖီသောက်ပြီး တရေး တမော အိပ်လို့မရဘူး



ကဖိန်း ဓာတ်ကြောင့် လူဟာ အိပ်လို့ မရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကဖိန်းဓာတ်ဟာ သောက်ပြီးပြီးခြင်း မိနစ် ၃၀ ကျော်မှ အထွဋ် အထိပ်ကို ရောက်တာ ဖြစ်ပါတယ်။ သောက်ပြီးပြီးချင်း အိပ်မယ်ဆိုရင် မိနစ် သုံးဆယ်ကျော်လို့ ပြန်နိုးလာတဲ့ အခါ လန်းဆန်းမှု ကိုတောင် ခံစားရမှာ ဖြစ်ပါတယ်။

၅ - မအိပ်တာက ပိုအလုပ်ဖြစ်တယ်



အိပ်လိုက်တဲ့ အတွက် အလုပ် စားပွဲကနေ ဝေးသွား တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သုတေသနတွေ အရ လူတွေဟာ နေ့ဘက်မှာ တက်ကြွမှု လျော့နည်း လာကြပြီး ထုတ်လုပ်နိုင်စွမ်းကို အမြဲတမ်း အမြင့်ဆုံးမှာ ထိန်းထားဖို့ ခက်တယ်လို့ အိပ်ခြင်း ဆိုင်ရာ နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ ဆာရာမက်နစ်က Business Week ကို ပြောကြားပါတယ်။

ဒါပေမဲ့ နေ့လယ်ဘက် တရေး တမော အိပ်လိုက် တာဟာ ပြန်လည် လန်းဆန်းမှုကို ရရှိစေပြီး ပြဿနာ တွေကို ပိုမို ကိုင်တွယ်နိုင် တယ်လို့ သိရပါတယ်။

Photos Sources: Huffington, Dailymail

Sources: Huffington

Originally published at - http://www.duwun.com.mm/lifestyle/-id4507845.html


No comments:

Post a Comment