ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 24, 2016

ဘယ်နှစ်ကြိမ်လောက် ကာမ ဆက်ဆံခြင်းက သင့်ကို ပျော်ရွှင် စေနိုင်မလဲ




တကယ်လို့ သင့်မှာ ချစ်သူ၊ စုံတွဲ တစ်ယောက်ယောက် ရှိနေတယ် ဆိုရင် သင်ပျော်ရွှင်မှု တွေကို တစ်ပတ် တစ်ခါ ပြုလုပ်နိုင် ပါတယ်။ ဒီထက်များ သွားရင်တော့ သင်ထပ်မံ ပျော်ရွှင် ရမှာ မဟုတ်ဘူးလို့ သုတေသန တစ်ခုက ဆိုပါတယ်။

သင့်မှာပျော်ရွှင်မှုတွေ အများကြီး မရှိနိုင်ပါဘူး။ ကာမ ဆက်ဆံတာဟာ သင့်အတွက် ကောင်းမွန်တဲ့ အရာ တစ်ခုပါပဲ။ လေ့လာချက်တွေ အရ စုံတွဲတွေဟာ သူတို့ ဆက်ဆံရေးမှာ ပိုပြီး စိတ်ကျေနပ် ပျော်ရွှင်ဖို့နဲ့ ပိုအဆင်ပြေဖို့ အလိုရှိကြ ပါတယ်။

တချို့လူငယ်တွေကတော့ ဒီလိုကာမ ကိစ္စတွေမှာ တက်ကြွ တတ်တာမို့ ဘယ်လောက်ပဲ ဆက်ဆံ ဆက်ဆံ ပျော်ရွှင်မှု အတိုင်းအတာက ပိုမလာနိုင် ဘူးလို့ ဆိုပါတယ်။

လူမှုစိတ်ပိုင်း ဆိုင်ရာနဲ့ပုဂ္ဂိုလ်ရေး သိပ္ပံမဂ္ဂဇင်းက ပုံမှန် ကာမဆက်ဆံ ပျော်ရွှင်တဲ့ အမေရိကန် လူမျိုး သုံးသောင်းကို ၁၉၈၉ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အတွင်း လေ့လာချက်တွေ အရ အကောင်းဆုံး ပျော်ရွှင်ဖို့ အကြိမ်ရေဟာ တစ်ပတ် တစ်ခါပဲ ဖြစ်တယ်လို့ သိရပါတယ်။

လေ့လာမှုက စုံတွဲတွေဟာ လိင်ဆက်ဆံရင်ပျော်တတ်ကြပါတယ်၊ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်ထက် ပိုပြုလုပ်ခဲ့လို့ရှိရင်တော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ ထပ်တိုးမလာတော့ဘူးလို့သိရပါတယ်။



တစ်ပတ် တစ်ကြိမ် စည်းမျဉ်းဟာ အသက်၊ လိင် ဒါမှ မဟုတ် အချစ်ရေး အခြေအနေ တွေပေါ် မူတည်မှု မရှိဘူးလို့ ဆိုပါတယ်။ သုတေသနရဲ့ တွေ့ရှိချက်မှာတော့ ကာမ ဆက်ဆံရေး ပျော်ရွှင်မှုဟာ သူတို့အနေနဲ့ ဘယ်နှစ်ကြိမ် ဆက်ဆံခဲ့ ဖူးတယ်ဆိုတဲ့ အချက်နဲ့လည်း ဆက်စပ်မှု မရှိတာ ဖြစ်ပါတယ်။

"ကာမဆက်ဆံရေးမှာ အကြိမ်ရေပေါ် မူတည်ပြီး အကျိုးအမြတ် ဘယ်လောက် ရှိတယ်ဆိုတာ မရှိပါဘူး" လို့ သုတေသနကို ဦးဆောင်ခဲ့သူ Amy Muise ကဆိုပါတယ်။

တစ်ချိန်ထဲ မှာပဲ တခြားလေ့လာမှု တစ်ရပ်မှာတော့ ယောက်ျားတွေဟာ ကာမ ဆက်ဆံမှု တောင့်တချက်က မိန်းမတွေထက် မြင့်မားတယ်လို့ သိရပါတယ်။

ဒီသုတေသနကလည်း တစ်ပတ်ကိုတစ်ကြိမ်ထက်ပိုပြီး ကာမဆက်ဆံတာဟာ ပျော်ရွှင်မှုကို ထပ်မံ မဖြစ်စေဘူးလို့ အကြံပြု ခဲ့ပါတယ်။ လေ့လာမှုက ကာမ ဆက်ဆံခြင်းရဲ့ အရည်အချင်းကို မကြည့်ပေမယ့် တစ်ပတ် တစ်ကြိမ် ဆက်ဆံရေးဟာ စုံတွဲတွေ အတွက် သူတို့ရဲ့ ဆက်ဆံရေးမှာ အကောင်းဆုံး အခိုက်အတန့်တွေကို ခံစား ရစေတယ်လို့ သိရပါတယ်။

စုံတွဲတွေအနေနဲ့ တစ်ပတ်တစ်ကြိမ် ကာမဆက်ဆံခြင်းဟာ ပျမ်းမျှပမာဏ တစ်ခုဖြစ်ပေမယ့်လည်း တကယ်လို့ ကလေးလိုချင်တဲ့ သူတွေအတွက် ကတော့ ဒီပမာဏဟာ အကောင်းဆုံး အကြိမ်ရေ ပမာဏ မဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: The Guardian

Originally published at - http://health.thithtoolwin.com/2016/01/blog-post_45.html


No comments:

Post a Comment