ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 24, 2016

အိပ်ချိန် အများကြီး မရှိသူများ အတွက် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်သည့် အချက်များ




တချို့အလွန် အောင်မြင် သူတွေဟာ အလွန် အလုပ် လုပ်ကြရုံမက အိပ်ချိန်ပါ တော်တော် နည်းကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် အချိန် အနည်းငယ် လောက်လေးနဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ မလွယ်ပါဘူး။

အွန်လိုင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ SleepyPeople.com ဟာ အခုတော့ ရိုးရှင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော် စေနိုင်တဲ့ အချက်လေးတွေကို ထုတ်ပြန်ပေး လိုက်ပါတယ်။ အခု အချက်လေးတွေကို လိုက်နာမယ် ဆိုရင် အိပ်မပျော်တာ အိပ်ရေး ပျက်တာတွေဖြစ်နေ သူတွေအတွက် အဆင်ပြေ စေနိုင်မှာပါ။

၁) သင့်ခန္ဓာကိုယ်ကိုနာရီလုပ်ပေးပါ

သင့်အနေနဲ့ အိပ်ချိန်မမှန်တာကိုအရင်ဆုံး ပြင်ဆင်သင့်ပါတယ်။ သင့်အနေနဲ့ အိပ်ချိန်ကို အချိန်ဇယား တစ်ခုလုပ်ထားပြီး တိတိကျကျ လိုက်နာ သင့်ပါတယ်။ အဲ့လိုလေးပြောင်းလဲလိုက်တာနဲ့ မနက်ပိုင်းကျရင် လန်းလန်း ဆန်းဆန်း တက်တက်ကြွကြွ ဖြစ်နေမှာပါ။

၂) အိပ်ရာမဝင်ခင်အေးအေးဆေးဆေးနေပါ

အိပ်ရာမဝင်ခင် အချိန်ခဏလေးအတွင်းမှာ အလုပ်မလုပ်တာတော့ အကောင်းဆုံးပါပဲ။ သင့်ရဲ့ခန္ဓာကိုယ်ကို ညတိုင်းအချိန်ပေးဖို့ ထိုက်တန်ပါတယ်။ အိပ်ရာမဝင်ခင် နာရီဝက်လောက်အလိုမှာ စာအုပ်တွေဖတ်တာ၊ TV ကြည့်တာ စတာတွေနဲ့ အချိန်အသုံးပြုကာ နောက်တစ်နေ့အတွက် အင်အားတွေအရယူထားပါ။

၃) စခရင်တွေကို အိပ်ခန်းထဲ ကနေ ဖယ်ပစ်ပါ


စခရင်တွေဖြစ်တဲ့ ဖုန်းတွေ၊ တီဗီတွေ၊ ကွန်ပျူတာတွေဟာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ ဖယ်ရှားလိုက်ရင် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

၎) အိပ်ခန်းကိုအေးနေအောင်ထားပါ

အိပ်ဖို့အတွက် အခန်းအပူချိန်အနေနဲ့ သင့်တော်တာကတော့ ၁၅ဒီဂရီစင်တီဂရိတ်(၅၉ဒီဂရီဖာရင်ဟိုက်) ကနေ ၁၈ဒီဂရီစင်တီဂရိတ်(၆၄ဒီဂရီဖာရင်ဟိုက်) ထိဖြစ်ပါတယ်။



၅) ဒိုင်ယာရီဆောင်ထားပါ

သင့်ရဲ့ ပြဿနာတွေကို ချရေးဖို့ဒိုင်ယာရီတစ်အုပ်လောက်တော့လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေဟာ သင်အိပ်ပျော်ဖို့အတွက် ကြီးမားတဲ့အခက်အခဲပါပဲ။ သင့်အခက်အခဲတွေကို ချရေးပြီး အိပ်ရာမဝင်ခင် အားလုံးကို ဖယ်ထုတ်ပစ်ပါ။

၆) တရားထိုင်ပါ

တရားထိုင်တာဟာ သင့်ရဲ့စိတ်ကို ကြည်လင်စေပြီး ပစ္စုပ္ပန် အတွက် တွန်းအားဖြစ်စေပါတယ်။

၇) သဘာဝ အသံလေးတွေကို နားဆင်ပါ

အိပ်တော့မယ့် အချိန်ထိအောင် သင့်ရဲ့ဦးနှောက်ဟာ အသံတွေကို အဆက် မပြတ် နားထောင်နေ တတ်ပါတယ်။ အသံ သာသာလေးတွေ၊ တေးသံ ချိုတေးသွားလေးတွေ၊ သဘာဝ အသံတွေဟာ စိတ်အနှောင့် အယှက် ဖြစ်စရာ အသံတွေကို ဖယ်ထုတ်ပြီး သင့်ကိုကောင်းမွန်စွာ အိပ်ပျော်စေမှာပါ။

၈) ကဖိန်း ဓာတ်တွေကို ရှောင်ပါ

ကော်ဖီ၊ လက်ဖက်ရည်တွေကို အိပ်ရာမဝင်ခင် သောက်လိုက်ရင် သင့်ကို ၁၄ နာရီလောက်ထိ လန်းနေ တတ်လို့ အိပ်ရာ မဝင်ခင် ကဖိန်းဓာတ်တွေ ရှောင်နိုင်သမျှ ရှောင်ပါ။

၉) မနက်ဖြန် လုပ်ရမှာတွေကို ဒီနေ့ညမှာ ရေးပါ

တချို့လူတွေက အိပ်ရာထဲမှာ နောက်တစ်နေ့ အတွက်ဘာလုပ် ရမယ်ဆိုတာကို တွေးနေတတ်လို့ အိပ်မပျော်ပဲ ဖြစ်တတ် ပါတယ်။ အဲ့ဒါတွေကို မအိပ်ခင် ရှင်းထား လိုက်ပါ။

၁၀) အိပ်ခန်းဟာ အနားယူဖို့

အိပ်ခန်းဟာ အိပ်ဖို့အတွက်သာ ဖြစ်သင့်ပြီး အလုပ် လုပ်ဖို့နဲ့ တီဗီကြည့်ဖို့ မဟုတ်ပါဘူး၊ သင့်ရဲ့ဦးနှောက်ကို အိပ်စက်ခြင်းနဲ့ အနားပေး လိုက်ပါ။



၁၁) သင့်အနေနဲ့ ဘယ်လောက် အိပ်ဖို့ လိုလဲ

စီးပွားရေး လုပ်ငန်းရှင် တော်တော် များများဟာ သူတို့အနေနဲ့ တစ်ရက်ကို ၄ - ၅ နာရီပဲ အိပ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ အိပ်စက်ချိန် တူညီမှာ မဟုတ်ပါဘူး။

တစ်ရက်လောက် နာရီ သံပတ် မပေးပဲနဲ့ အိပ်ကြည့်ပြီး ကိုယ့်ဟာကိုယ် ထရင် သင့်အနေနဲ့ အိပ်စက်ချိန် ဘယ်လောက် တကယ် လိုတယ် ဆိုတာ တွက်ကြည့်ပါ။ ဒါဟာ သင့်အနေနဲ့ ညတိုင်း အိပ်စက်ဖို့ လိုတဲ့ အချိန် ပမာဏပါပဲ။

Ref: Independent

Originally published at - http://health.thithtoolwin.com/2016/01/blog-post_20.html


No comments:

Post a Comment