ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 27, 2015

ကိုယ်ဝန်ဆောင်နေစဉ်မှာ အရက်သောက်တာ ဟာ သန္ဓေသားကို ထိခိုက်စေနိုင်




ကိုယ်ဝန်ဆောင်တဲ့ ပထမဆုံး အပတ်မှာ မိခင်လောင်းတွေ ယမကာ သောက်သုံး ခြင်းဟာ မမွေး ရသေးတဲ့ ကလေးကို တစ်သက်လုံးစာ အတွက် ထိခိုက်မှုတွေ ဖြစ်စေနိုင် တယ်လို့ ကျွမ်းကျင် သူတွေက သတိပေး လိုက်ပါတယ်။

ကိုယ်ဝန်ဆောင် ကာစ မှာတော့ အမျိုးသမီး အများ စုဟာ အရက်က သန္ဓေသားနဲ့ ဆိုင်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်စေနိုင်တယ် ဆိုတာ သတိ မပြုမိ ကြပါဘူး။

Helsinki တက္ကသိုလ်မှာ ရှိတဲ့ သိပ္ပံပညာရှင်တွေဟာ ကြွက်တွေကို အသုံးပြုပြီးလေ့လာမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခါမှာ ယမကာဟာ မိခင်ရဲ့ ၀မ်းတွင်းက မမွေးသေးတဲ့ ကလေးတွေရဲ့ ဦးနှောက်ထဲမှာ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပြီး ထို ပြောင်းလဲမှုတွေဟာ အမြဲတမ်းအတွက် ဖြစ်တည်နေမှာဖြစ်သလို ကလေးရဲ့ အသက်ကြီးသွားလည်း ထို ပြောင်းလဲမှုက ကျန်နေဦးမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ပြီး ၃ ပတ် ကနေ ၆ ပတ် အတွင်း အရက်သောက်ခြင်းဟာ မမွေးရသေးတဲ့ ကလေးကို Foetal Alcohol Syndrome ဆိုတဲ့ သန္ဓေသားဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

အရင်တစ်ခေါက်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အရတော့ကိုယ်ဝန်ဆောင်နေစဉ် ယမကာ သောက်သုံးခြင်းဟာ မွေးလာမယ့်ကလေးကို မွေးရာပါကိုယ်အဂါင်္ချို့တဲ့သွားစေခြင်း နဲ့ သင်ကြားရေးမှာ ချို့တဲ့နေစေခြင်း လိုရောဂါလက္ခဏာတွေဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သိပ္ပံ ပညာရှင်တွေဟာ ယမကာ က ဘာကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်တာလဲ ဆိုတဲ့ အဖြေကိုတော့ အတိအကျ နားမလည်ကြသေးပါဘူး။

ဒီလေ့လာမှုကို သိပ္ပံပညာရှင်တွေက ကြွက်တွေကို အသုံးပြုပြီး အရင်ဆုံး စမ်းသပ်ခဲ့ကြရာ လူတွေမှာလိုပဲ အသွင် သဏ္ဍာန်တူတဲ့ Foetal Alcohol Syndrome ရောဂါလက္ခဏာကို ကြွက် သန္ဓေသားတွေမှာ ဖြစ်နေတာကိုတွေ့ရပါတယ်။

ထို ကြွက် သန္ဓေသား တွေမှာ ကြီးထွားမှုနှုန်း လျော့နည်းလာတာ ၊ မျက်နှာ နဲ့ အရိုးမှာ တူညီတဲ့ ထိခိုက်မှုတွေရှိလာတာ ကို တွေ့ခဲ့ရပါတယ်။

Ref : Dailymail

Originally published at -


No comments:

Post a Comment