
Tel Aviv University က သုတေသီ တွေဟာ ယောက်ျား နဲ့ မိန်းမ ဦးနှောက် တွေမှာ စနစ်တကျ ကွဲပြား ခြားမားမှု နည်းလမ်းတွေ မရှိဘူးလို့ ဆိုပါတယ်။
လူသား ဦးနှောက်တိုင်းမှာ မတူခြားနားတဲ့ “ ကျား၊ မ” ဥာဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။
လူ့ဦးနှောက်တွေမှာ သိသာ ထင်ရှားတဲ့ ကွဲပြားခြားနားချက် မရှိပါဘူး လို့ ဆိုပါတယ်။ သုတေသီ တွေက ယောက်ျားနဲ့ မိန်းမ ဦးနှောက်တွေမှာ ကွဲပြားခြားနားချက် လုံးဝမရှိဘူးလို့ ဆိုတာ မဟုတ်ဘဲ အများကြီး သိသိ သာသာ ကွဲပြားချက် မရှိဘူးလို့ ဆိုပါတယ်။
“ဦးနှောက်တိုင်းမှာ မတူကွဲပြားတဲ့ အစိတ်အပိုင်းလေးတွေပါဝင်ပြီး တစ်ချို့က အမျိုးသားတွေထက် အမျိုးသမီးတွေဆီမှာ ပိုများပြီး တစ်ချို့ကတော့ အမျိုးသမီးတွေထက် အမျိုးသားတွေဆီမှာ ပိုများတာကိုတွေ့ရပေမယ့် တစ်ချို့အစိတ်အပိုင်းလေးတွေကိုတော့ အမျိုးသားကောအမျိုးသမီးကောဆီမှာ တွေ့ရတယ်” လို့ လေ့လာချက်အသစ်မှာ ရေးသားထားပါတယ်။
“လူတွေက ကျား၊မ ခြားနားချက်ပေါ်မူတည်ပြီး အတွေးအမြင်နဲ့ အလုပ်ရွေးချယ်မှုတွေလုပ်ကြတယ်လို့ ယူဆနေကြတုန်းပါပဲ။ ဒီတွေ့ရှိချက်အသစ်ကတော့ ဇီဝဗေဒဆိုင်ရာ ခြားနားချက်တွေပေါ်မူတည်တဲ့ ဒီအတွေးအခေါ်ဟောင်းကို ပြန်လည်တွန်းလှန်လိုက်တာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေတာပဲဖြစ်ပါတယ်” လို့ Baltimore ရှိ University of Maryland မှ သုတေသီ Margaret McCarthy က ရှင်းလင်းပြောကြားထားပါတယ်။
Ref : Upi
Original link - http://health.thithtoolwin.com/2015/12/blog-post_68.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments:
Post a Comment