ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 6, 2015

ဖရဲသီး အရွယ် အကျိတ်ကြောင့် ၈ လ ကိုယ်ဝန်လို့ ထင်ခဲ့ရတဲ့ အသက် ၁၈နှစ် ကောင်မလေး




ကိုယ်ဝန် ၈ လ ရှိတယ်လို့ ထင်ရတဲ့ အသက် ၁၈နှစ် အရွယ် ကျောင်းသူလေး တစ်ယောက်ကို ကျန်းမာရေး စစ်ဆေးကြည့်ရာ သူမ ဗိုက်ထဲမှာ မွေးကာစ ကလေးထက် အလေးချိန် ပိုတဲ့ ဖရဲသီး အရွယ် အကျိတ် ရှိနေကြောင်း ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

သူမ နာမည်ကတော့ Olivia Key ဖြစ်ပြီး သူမဟာ ဗိုက်နာလို့ ဆေးရုံ လာတက်တာကို ကိုယ်ဝန် ရှိတယ်လို့ ဆရာဝန်တွေက ထင်နေ ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဘယ်ဘက် သားဥအိမ်မှာ အကျိတ်ကြီး တည်နေကြောင်း ဓာတ်မှန် တွေက ပြပါတယ်။

ခွဲစိတ်ဆရာဝန်တွေက အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားပြီးတဲ့ နောက်မှာတော့ အကျိတ်ဟာ ဖရဲသီးလောက် ကြီးနေပြီး အလေးချိန် အားဖြင့် ၁၄ပေါင် ရှိနေတာကို အထိတ် တလန့် တွေ့ရှိခဲ့ ရပါတယ်။ မစ္စ Key ဟာ ကင်ဆာ ရောဂါ မရှိတော့ဘဲ၊ ဒါဟာ သူမဘဝမှာ ကံအကောင်းဆုံး ပါပဲလို့ ပြောခဲ့ပါတယ်။

ကင်ဆာဖြစ်နေတဲ့ ဒီအကျိတ်ကြီးဟာ ရေတွေနဲ့ပြည့်နှက်နေပါတယ်။ "ဒါကြီးက ကင်ဆာဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ အရမ်းကို တုန်လှုပ် ခဲ့တယ်။ ဒီလောက် အသက်အန္တရာယ်ရှိတဲ့ ဟာကြီးကို ဒီအသက် အရွယ်မှာ ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ တာပါ။ ကံကောင်းတာပဲ၊ ခွဲစိတ် ဆရာဝန်တွေက ဖယ်ထုတ် လိုက်နိုင်ပြီး ကင်ဆာလည်း ထပ်မပြန့်တော့ ပါဘူး။" လို့ မစ္စ Key ကပြော ခဲ့ပါတယ်။

Ref: Daily Mail

Original link -http://health.thithtoolwin.com/2015/12/blog-post_29.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment