
ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်ဟာ အားကစား သမားတွေ အတွက် ကဖိန်း ဆေးဝါး တွေလိုပဲ အကျိုးပြနိုင်ကြောင်း သုတေသီ တွေက လေ့လာ တွေ့ရှိ ထားပါသတဲ့။
ပြီးခဲ့တဲ့ စမ်းသပ် ချက်တွေ အရ ကော်ဖီရဲ့ဖြစ်နိုင်ချေ အကျိုးကျေးဇူး တွေကို ပြသခဲ့ပြီး University of Georgia မှ သုတေသီတွေ ကတော့ အားကစား သမား တွေ အတွက် ပိုမို အကျိုးသက် ရောက်မှု ရှိနိုင်ကြောင်း စမ်းသပ်တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။
သုတေသီတွေဟာ လေ့လာမှု ၉ ခု ပြုလုပ် စစ်ဆေး ခဲ့ပြီး ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်ရဲ့အကျိုး သက်ရောက် မှုတွေကို လေ့လာ စမ်းစစ် ခဲ့ပါတယ်။ ပါဝင် စမ်းသပ်ခံ သူတွေကို ကော်ဖီ သောက်ပြီး ချိန်မှာ စက်ဘီး နင်းခိုင်းခြင်း၊ အပြေးလေ့ကျင့် စေခြင်း စတဲ့ လေ့ကျင့် ခန်းတွေကို ပြုလုပ်စေတဲ့ အခါ ပိုမိုအင်အား အပြည့်နဲ့ လုပ်ဆောင်နိုင် တာကို တိုင်းတာ သိရှိ ခဲ့ကြပါတယ်။
“အားကစားသမားတွေအတွက် ကော်ဖီသောက်သုံးတဲ့အခါမှ ဂရုစိုက်ရမှာက တစ်ချို့ကော်ဖီတွေမှာ ကဖိန်းဓါတ်ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိရတဲ့ အတွက် ကော်ဖီအမျိုးအစား၊ ဘယ်လိုပြင်ဆင်ထုတ်လုပ်ထားတယ်၊
ကဖိန်းဓါတ်ဘယ်လောက်ပါဝင်တယ်ဆိုတာတွေကို သိရှိဖို့တော့ လိုအပ်ပါတယ် အားကစားသမားတွေအနေနဲ့ အစားအသောက်အကြံပေးပညာရှင်တွေက တားမြစ်ထားတဲ့ ပစ္စည်းတွေပါဝင်တဲ့ အမျိုးအစားတွေကိုတော့ သတိထားရှောင်ကြဉ်ဖို့လိုပါတယ်။” လို့ သုတေသီတွေက ရှင်းလင်းပြောပြထားပါတယ်။
Ref : UPI
Originally published at - http://health.thithtoolwin.com/2015/12/blog-post_58.html

No comments:
Post a Comment