ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 31, 2015

ဗိုက်အောင့်၊ ဗိုက်ကယ် တတ်သူများ အတွက် သက်သာစေမည့် နည်း (၈) နည်း




သင့်အနေနဲ့ လေတွေဘာတွေ ခံတတ်တဲ့သူဆိုရင် လေထတဲ့ အစားအသောက်တွေ စားပြီး ဗိုက်ကယ် တတ်သူ ဆိုပါက ဒီနည်းလေးတွေက သင့်ရဲ့ဗိုက်ကယ်နေတဲ့ ပြဿနာကို ဖြေရှင်းပေး ပါလိမ့်မယ်။

၁) ဗိုက်ကယ်စေတဲ့ အစားအစာတွေကို လျှော့စားပါ



ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ တို့က လေထတ်တဲ့ အစားအသောက် တွေဖြစ်လို့ အတတ်နိုင်ဆုံး လျှော့စားပါ၊ အဲ့ဒါတွေ အစား ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတွေကို စားပေးခြင်းကြောင့် သင့်ခန္ဓာ ကိုယ်ထဲက သကြားဓာတ်ကို မြှင့်တင်နိုင်ပြီး အမျှင်ဓာတ်တွေလည်း ရရှိစေပါတယ်၊

၂) ငှက်ပျောသီး၊ ကီဝီသီး နဲ့ စတော်ဘယ်ရီတွေ စားပေးပါ၊



ဒီအသီး တွေက မြင့်မားတဲ့ ပိုတက်ဆီယမ် ပါဝင်လို့ သင့်ကို ဆီးရွှင်စေပြီး ဆီးထဲမှာ ဆားဓာတ် ပိုမိုများပြား စေတာကြောင့် သေးငယ်တဲ့ အူလမ်းကြောင်း အတွင်းမှာ ရေဓာတ်ကို ပိုမို ထိန်းထား စေနိုင်ပါတယ်၊

၃) ပီကေ မစားပါနဲ့

ပီကေတွေမှာ Xylitol, Sorbitol (သို့) Mannitol တွေပါဝင်ပြီး အဲ့ဒါတွေက သင့်ကို ဗိုက်ကယ်စေတဲ့ လေတွေ ထွက်စေတာပါ၊

၎) နို့ထွက်ပစ္စည်းတွေစားသုံးခြင်းလျှော့ချပစ်ပါ

နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ ချိစ်၊ ဆန်နို့စတဲ့ ပစ္စည်းတွေဟာ ဗိုက်ကယ်တတ်တဲ့ လူတွေ အဖို့တော့ ရှောင်နိုင်ရင် ပိုအဆင်ပြေမယ့် အရာတွေပါ၊

၅) ဖြေလျော့ထားပါ၊

စိတ်ဖိစီး မှုတွေဟာ သင့်ရဲ့ အစာခြေ စနစ်မှာ လေနဲ့ ဖောင်းပွမှု တွေဖြစ်ပေါ်စေနိုင်တဲ့ Cortisol, Adrenaline တို့ကို ထုတ်လွှတ် တာကြောင့် စိတ်ဖိစီး မှုတွေကို တတ်နိုင် သမျှ ကင်းအောင်နေပါ၊ ယောဂကျင့်ခြင်းနဲ့ တရား ထိုင်ခြင်းတွေဟာ သင့်ကိုစိတ်ဖိစီးမှုကနေလျှော့ချပေးနိုင်ပါတယ်၊

၆) ခန္ဓာကိုယ်အလယ်ပိုင်းအတွက်လေ့ကျင့်ခန်းများများလုပ်ပေးပါ



မူမမှန်တဲ့ ခန္ဓာကိုယ်ထဲက လေတွေကို ၀မ်းဗိုက်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ (အိပ်ထမတင်၊ ဒိုက်ထိုး စသည်) ကိုပြုလုပ်ပေးခြင်းဖြင့်တွန်းထုတ်ပစ်နိုင်ပါတယ်၊

၇) အစာစားနေစဉ်စကားမပြောပါနဲ့

ဒါကတော့ရှင်းပါတယ်၊ စကားပြောရင်လေတွေကိုမျိုချနေသလိုဖြစ်တာကြောင့် မပြောတာအကောင်းဆုံးပါ၊

၈) အသီးအရွက်တွေစားပေးပါ

အသီးအရွက်တွေမှာ အစားခြေအင်ဇိုင်းတွေပါဝင်တာကြောင့် လေကယ်တာကိုမဖြစ်စေပါဘူး၊

Ref: Daily Mail

Originally published at -

No comments:

Post a Comment