ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 31, 2015

ချော့ကလက် စားခြင်းဖြင့် ပန်ကရိယ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်




ချော့ကလက် တွေဟာ သေဆုံးနိုင်ချေ မြင့်မားတဲ့ ကင်ဆာရောဂါ တစ်မျိုးဖြစ်တဲ့ ပန်ကရိယ ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းမှာ ကာကွယ် ပေးနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုလိုက် ပါတယ်။

သူတို့ရဲ့  ရှာဖွေ တွေ့ရှိချက် အရတော့ ချော့ကလက်မှာ ကြွယ်ဝစွာ ပါဝင်တဲ့ မဂ္ဂနီဆီယမ် ဓါတ်ဟာ ပန်ကရိယ ကင်ဆာ ကို ကာကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင် အဖွဲ့ဟာ VITamins နဲ့ Lifestyle study ဆိုတဲ့ စာစောင်တွေမှာ ပါဝင်တဲ့ ဒေတာ အချက် အလက်တွေကို စစ်ဆေး ကြည့်ခဲ့ ပါတယ်။

ထို အချက်အလက်တွေကတော့ အသက် ၅၀ နဲ့ ၇၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၆၆၀၀၀ ယောက်တို့ရဲ့  အချက် အလက်တွေပါ။ သုတေသီတွေဟာ မဂ္ဂနီဆီယမ် နဲ့ ပန်ကရိယ ကင်ဆာရောဂါ ကြားထဲက တိုက်ရိုက် ဆက်နွယ်နေမှုကို လေ့လာ ခဲ့ပါတယ်။

အဲဒီ အခါမှာ သိပ္ပံပညာရှင်တွေ တွေ့ခဲ့ကြ တာက တစ်နေ့ကို မဂ္ဂနီဆီယမ် မှီဝဲမှု ၁၀၀ မီလီဂရမ် ခန့် လျော့နည်း သွားခြင်းဟာ ပန်ကရိယ ကင်ဆာ ရောဂါ ဖြစ်လာဖို့ ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေ များလာစေ တယ်ဆိုတာပါပဲ။

ပန်ကရိယ ကင်ဆာရောဂါဟာ ၅ နှစ်သာ အများဆုံး ရှင်သန်ခွင့်ရတဲ့ ရောဂါဖြစ်ပြီး လက်ရှိ အခြေအနေတွေ အရတော့ ရှင်သန်နိုင်နှုန်းဟာ တစ်ဖြည်းဖြည်း လျော့နည်း လာပါတယ်။ ဒါ့အပြင် ပန်ကရိယ ကင်ဆာ ဟာ အမေရိကန် နိုင်ငံမှာလည်း ကင်ဆာနဲ့ ပတ်သက်ပြီး သေဆုံးမှု ဖြစ်စေနိုင်တဲ့ ရောဂါ စာရင်းထဲမှာ စတုထ္ထနေရာ မှာရပ်တည် နေပါတယ်။

ဆီးချို သွေးချို ရောဂါဟာ ပန်ကရိယ ကင်ဆာ ရောဂါ ရဲ့  လက္ခဏ တစ်ခုဖြစ်ပြီး မဂ္ဂနီဆီယမ် ဓါတ်ဟာ ဆီးချို သွေးချို ရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ် ပေးနိုင်တယ်လို့ သိရပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_64.html


No comments:

Post a Comment