ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 7, 2015

ပန်းဂေါ်ဖီစိမ်းက ကင်ဆာဆဲလ်တို့ ကြီးထွားမှုကို ရပ်တန့် စေ




ကလေးတွေကော လူကြီးတွေပါ ဟင်းသီး ဟင်းရွက် စိမ်းတွေ စားပေးဖို့ တိုက်တွန်း ထားပြီး အနည်းဆုံး တစ်နေ ကို အသီး အရွက် ငါးမျိုး စားပေးသင့်တယ် ဆိုတဲ့ စံနှုန်း တစ်ခု ရှိပါတယ်။

အခုမှာတော့ သိပ္ပံ ပညာရှင် တွေရဲ့ တွေ့ ရှိချက်အရ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ဒြပ်ပေါင်း တစ်မျိုးဟာ ကင်ဆာ ကို တားဆီးနိုင်ရုံ မက၊ ကင်ဆာ တိုက်ဖျက်မှုမှာလည်း အကူ အညီပေးနိုင် တယ်လို့ သိရပါတယ်။

ဂေါ်ဖီမျိုးနွယ်တွေ ဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ကွမ်းသီး ကော်ဖီထုပ် နဲ့ ပန်းဂေါ်ဖီ စိမ်းတို့ မှာ ပါဝင်တဲ့ Sulforaphane လို့ ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးဟာ အူမကြီး ကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့် တားပေးနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရ ပါတယ်။

ဒီကင်ဆာတိုက်ဖျက်ပေးတဲ့ဒြပ်ပေါင်းမှာ ပန်းဂေါ်ဖီစိမ်းရဲ့ ရက်သား အရွယ်နုနယ်တဲ့ အစို့ အညှောင့် တွေမှာ အများဆုံး ပါရှိတဲ့အပြင် ၃-၄ ရက်သားသာ ရှိသေးတဲ့ပန်းဂေါ်ဖီစိမ်း အညှောင့်ကနေ ထုတ်ယူထားတဲ့ ဖြည့်စွက်ဆေးတွေမှာလည်း ပါဝင်ပါတယ်။

Texas A&M Health Science Center က သုတေသန ပညာရှင်တွေက ဒီဖြည့်စွက်ဆေး ကို ကင်ဆာ ကာကွယ်ဖို့ နည်းလမ်း တစ်မျိုးအနေနဲ့ သုံးနိုင်သလို၊ အူမကြီးကင်ဆာတိုက်ဖျက်ရာမှာလည်း သုံးနိုင်တယ်လို့  သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြည့်စွက်ဆေးဟာ ကင်ဆာဆေးတွေပိုမိုထိရောက်ဖို့ အတွက် အထောက်အကူပြုတဲ့နေရာနဲ့  ကင်ဆာ မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့နေရာမှာသာ သုံးနိုင်ပြီး၊ ကင်ဆာ ဓာတုကုထုံး ဒါမှမဟုတ် ရေဒီယိုဓာတ်ရောင်ခြည်နဲ့ ကုသမှုတွေနဲ့ တော့ အစားထိုးမသုံးသင့်ဘူးလို့ တော့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

သီးခြားလက်တွေ့ စမ်းသပ်မှုတွေမှာ အသက် ၅၀ ကျော်အရွယ် အူတွင်းအကြိတ်ဖြစ်ပေါ်မှုကို စမ်းသပ်ရှာဖွေမှု ခံယူနေသူပေါင်း ၂၈ ယောက်ပါဝင်ခဲ့ပြီး ထိုသူတွေရဲ့ ဂေါ်ဖီထုပ်နွယ်ဝင် ဟင်းသီး ဟင်းရွက် စားသုံးမှုကို စစ်တမ်း ကောက်ယူ ထားခဲ့ပါတယ်။

ထို့ နောက် ဓာတ်ခွဲစမ်းသပ်မှုအဖြေထွက်လာတဲ့အခါမှာ ဂေါ်ဖီထုပ်ပိုစားတဲ့သူ တွေမှာ အကျိတ်ဖြစ်ပေါ်မှုထိန်းချုပ်ပေးတဲ့ p16 မျိုးဗီဇ ဖြစ်တည်မှုပိုများနေတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် သိပ္ပံပညာရှင်တွေဟာ sulforaphane ပါဝင်တဲ့ ဟင်းသီး ဟင်းရွက်တွေကို စားပေးခြင်းက လူတွေရဲ့ မျိုးရိုး ဗီဇကို အမှန် တကယ် ပြောင်းလဲ စေနိုင်ပြီး အကြိတ် ဖြစ်ပေါ်မှုကို ခန္ဓာကိုယ်က ပိုမို တားဆီး ပေးနိုင် တယ်လို့ ကောက်ချက် ချခဲ့တာ ဖြစ်ပါတယ်။

Ref: Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_44.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment