ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

သလဲသီးမှ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေဟာ နှလုံးရောဂါ အတန်အသင့်သာ ကာကွယ်နိုင်




ပြီးခဲ့တဲ့ လေ့လာ တွေ့ရှိမှုတွေ အရ သလဲသီးက နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါကို ကာကွယ်ဖို့ အသုံးပြုနိုင်တယ် ဆိုပေမယ့် တွေ့ရှိချက် အသစ်ကတော့ သလဲသီးက ထုတ်လုပ်တဲ့ ဓါတ်စာ တွေဟာ နှလုံးရောဂါ အများစုအပေါ် အကျိုး သက်ရောက်မှု မရှိဘူးလို့ ဆိုလို့ ဆိုလာ ပါတယ်။

သစ်သီးဖျော်ရည်က ဆီးကြိတ် ကင်ဆာ၊ ဘက်တီးရီးယား များအား ခုခံ ကာကွယ်နိုင်မှု၊ ဆီးချိုရောဂါ စတာတွေ အတွက် အကျိုး သက်ရောက်မှု ရှိပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ ကိုလည်း လျော့နည်း စေတယ်လို့ အရင်က သိရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

“သလဲသီးနဲ့ ပြုလုပ်တဲ့ ဖြည့်စွက်စာတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ သို့ ကိုယ်လက် လှုပ်ရှားမှုပိုင်း ဆိုင်ရာ ဝေဒနာရှင်တွေ အတွက် ထူးခြားတဲ့ အကျိုး သက်ရောက်မှုတွေ မရှိပါဘူး။

ဒီတော့ သလဲသီးက ထုတ်လုပ်တဲ့ ဖြည့်စွက်စာ တွေက နှလုံးရောဂါ သက်သာစေတယ် ဆိုတဲ့ အတန်အသင့် အကျိုးဖြစ်ထွန်းမှုသာ ရှိနိုင်ပါတယ်” လို့ သုတေသီတွေက ဆိုပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/blog-post_72.html


No comments:

Post a Comment