
လေ့လာမှု တစ်ခုမှာ အသက် ၃၃ နှစ် နောက်ပိုင်းမှ ကလေးမွေးတဲ့ အမျိုးသမီး တွေဟာ အသက် ၉၀ ကျော် ဒါမှမဟုတ် အစောကြီး ကလေးယူတာ ရပ်လိုက်တဲ့ အမျိုးသမီး တွေထက် အသက် ပိုရှည်ရှည် နေရနိုင်ခြေ နှစ်ဆ များနေ တာကို တွေ့ ရှိခဲ့ ရပါတယ်။
“ အမျိုးသမီးတွေနဲ့ ကိုယ် အသက်ရှည်နိုင်ခြေ ပိုများအောင်လို့ အသက်အရွယ်ရတဲ့ အထိစောင့်ပြီး ကလေးယူဖို့  ဆိုလိုတာ မဟုတ်ပါဘူး” လို့  လေ့လာမှုကို ပူးတွဲ ဦးဆောင်ခဲ့သူ၊ ဘောစတွန် တက္ကသိုလ်က ပရော်ဖက်ဆာ Thomas Perls က ပြောပါတယ်။
“ အသက်ကြီးတဲ့အချိန်မှာ သဘာဝအလျောက်ကိုယ်ဝန်ဆောင်၊မွေးဖွားနိုင်ခြင်းဟာ ဘာကိုညွှန်ပြသလဲဆိုတော့ ဒီ အမျိုးသမီးရဲ့ မျိုးပွားစနစ်က နှေးကွေးစွာပဲ ယိုယွင်းပျက်စီးနေတယ်ပေါ့။ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း အလားတူပါပဲ”
ဘောစတွန်တက္ကသိုလ်ဆေးပညာဘာသာရပ်ဌာနက သုတေသနပညာရှင်တွေဟာ အမျိုးသမီးပေါင်း ၄၆၂ ဦးကို လေ့လာခဲ့ရာမှာ အသက် ၃၃ နှစ်နောက်ပိုင်းမှ ကလေးမွေးတဲ့အမျိုးသမီးတွေဟာ အသက် ၂၉ နှစ်အရွယ်မှာ နောက်ဆုံးကလေးယူခဲ့တဲ့အမျိုးသမီးတွေနဲ့ ယှဉ်ရင် အသက် ၉၀ ကျော်အထိ နေရနိုင်ခြေပိုများနေတာကို တွေ့ ရှိခဲ့ရပါတယ်။
Menopause ဂျာနယ်မှာဖော်ပြခဲ့တဲ့အဆိုပါလေ့လာမှုဟာ အသက်နှောင်းပိုင်းမှာကိုယ်ဝန်ဆောင်၊မွေးဖွားနိုင် ခြင်းနဲ့ အသက်ရှည်ရှည်နေရနိုင်ခြေတို့ အကြား ဆက်စပ်မှုအကြောင်းတရားကို အဖြေမထုတ်နိုင်ခဲ့ပေမယ့် အသက်အရွယ်နှောင်းပိုင်းမှာ သဘာဝအလျောက်ကိုယ်ဝန်ရစေနိုင်တဲ့ မျိုးရိုးဗီဇမူကွဲ နဲ့  အသက်ရှည်မှုတို့ ဟာ ဆက်နွယ်နေလို့ ဖြစ်နိုင် တယ်လို့ သုတေသန ပညာရှင်တွေက ပြောကြား ခဲ့ပါတယ်။
Ref : Time
Original link - http://health.thithtoolwin.com/2015/12/blog-post_19.html

No comments:
Post a Comment