ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

အမြင်အာရုံကို ပြန်ရစေနိုင်တဲ့ စက်ရုပ် မျက်လုံးကြောင့် မျက်မမြင် ထောင်ပေါင်းများစွာ မျှော်လင့်ချက် ရှိလာ




အီလက်ထရောနစ် ပစ္စည်း တပ်ဆင်ထားတဲ့ မျက်လုံးဟာ မျက်မမြင် လူတစ်ချို့ ရဲ့ အမြင် အာရုံကို ပြန်လည် ဆောင်ကျဉ်း ပေးနိုင် ခဲ့ပါတယ်။

မျက်လုံး အတွင်း ၀င်ရောက်လာတဲ့ အလင်းကို ပြန်လည်တုံ့ ပြန်မှု ပြုပေးတဲ့ ဆဲလ်တွေ တဖြည်းဖြည်း အလုပ် မလုပ်ရာ ကနေ အမြင်အာရုံချို့ ယွင်း ဆုံးရှုံးလာတဲ့ ရောဂါ အခြေ အနေကြောင့် မျက်စိ ကွယ်ခဲ့ရတဲ့ လူတွေ အတွက် လျှပ်စစ်လှိုင်း ပြတ်ရှည်တွေကို ထုတ်ပေးနိုင်တဲ့ အစားထိုး ပစ္စည်းတစ်ခုကို သိပ္ပံပညာရှင်တွေ တီထွင် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီ မျက်စိအတွင်းထည့်သွင်းရတဲ့အစားထိုးစက်ပစ္စည်းကြောင့် retinitis pigmentosa (RP) ခေါ် မျက်စိအာရုံခံလွှာပျက်စီးမှုကြောင့် အမြင်အာရုံချို့ တဲ့ကာ မျက်စိ ကွယ်နိုင်တဲ့ ရောဂါ ခံစားနေ ရတဲ့ ဗြိတိန်နိုင်ငံသားပေါင်း ၂၀၀၀၀ ကျော်မှာ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာရပြီ ဖြစ်ပြီး လေ့လာမှုအရလည်း ဒီစက်ဟာ ပုံရိပ်ပြတ်သားမှုကို ကောင်းမွန်စေကြောင်း တွေ့ ရှိခဲ့ရပါတယ်။

RP ရောဂါဟာ ကြက်မျက်သင့်ရောဂါလို့ ခေါ်ကြတဲ့ ညဘက်မမြင်ရတဲ့ရောဂါကို ဖြစ်စေတဲ့ အဓိကရောဂါ အခြေအနေတစ်ခုလည်းဖြစ်ပြီး ရှားပါးတဲ့မျိုးရိုးလိုက်ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

မျက်စိအာရုံခံလွှာမှာတည်ရှိတဲ့ အလင်းဖမ်းတဲ့ဆဲလ်လေးတွေ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှုကြောင့် ဖြစ်ရကာ နောက်ဆုံးမှာ မျက်စိကွယ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ လူ ၄၀၀၀ မှာ တစ်ယောက် ဖြစ်နိုင်တယ်လို့  လည်း သိရပါတယ်။

RP ရောဂါခံစားနေရတဲ့လူနာတစ်ယောက်ကို Argus လို့ ခေါ်တဲ့ အဆိုပါ အစားထိုးပစ္စည်းလေးကို မျက်စိရဲ့အနောက်မှာတပ်ဆင်စမ်းသပ်ခဲ့ရာမှာ Argus ဟာ လျှစ်စစ်သံလိုက်လှိုင်းပြတ်ရှည်တွေ မျက်စိအာရုံလွှာကို တိကျကောင်းမွန်စွာလှုံ့ဆော်မှုပေးနိုင်ခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/12/blog-post_22.html


No comments:

Post a Comment