ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

သရဲကားကြည့်ခြင်းဟာ သွေးခဲမှု မြန်ဆန်စွာ ဖြစ်ပေါ်လာ စေနိုင်




သရဲ ကားတွေ ကြည့်ရတာ ကြိုက်နှစ်သက်သူ တွေ ပြောလေ့ရှိတာက သူတို့ဟာ မမျှော်လင့်ထားတဲ့ ထိတ်လန့်မှု က တဆင့် သွေးကြောတွေ လှုပ်ခါ သွားမှု ကို သဘော ကျတယ် လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် အဲဒီလို အထိတ် တလန့် ဖြစ်စေတဲ့ မြင်ကွင်းတွေဟာ သွေးလန့် မှုကို ဖြစ်စေနိုင် တာကို သတိပြု ရပါမယ်။

နယ်သာလန် နိုင်ငံမှာရှိတဲ့ Leiden တက္ကသိုလ် ဆေးစင်တာ က သုတေသီတွေဟာ ဗောလန်တီယာ အဖွဲ့ တစ်ဖွဲ့ ကို အသုံးပြုပြီး သရဲကားတွေရဲ့  ရုပ်ပိုင်းဆိုင်ရာ သက်ရောက် မှုတွေကို လေ့လာ ခဲ့ပါတယ်။ ထို ဗောလန်တီယာ တွေကို ကြောက်ဖို့ ကောင်းတဲ့ သရဲကားတွေ ကြည့်စေပြီး သူတို့ရဲ့  သွေး အတွင်းက အေးခဲမှု ပမာဏ မြင့်တက်လာမှု ကို စောင့်ကြည့် ခဲ့ပါတယ်။

အဲဒီအခါမှာတော့ Freddy Krueger နဲ့ Saw ရုပ်ရှင်ကားတွေကို ကြည့်တဲ့ အခါမှာ ကြည့်ရှုသူတွေရဲ့  သွေးကြောတွေဟာ စတင် အေးခဲ လာတာကိုလည်း တွေ့ ခဲ့ရပါတယ်။

သုတေသီတွေဟာ အသက် ၃၀ အောက် ကျန်းမာရေးကောင်းတဲ့ ဗော်လန်တီယာ ၂၄ ယောက်ကို အဖွဲ့ ၂ ဖွဲ့ ခွဲပြီး စမ်းသပ် ခဲ့ပါတယ်။ ၁၄ ယောက်ကိုတော့ Insidious နဲ့ A year in Champagne ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကားတွေ ကြည့်စေ ခဲ့ပါတယ်။

ကျန်တဲ့ ၁၀ ယောက်ကိုတော့ ထို ရုပ်ရှင် ၂ ကားကိုပဲ တစ်ပတ် စီ ခွဲကြည့်စေ ခဲ့ပါတယ်။ အဲဒီနောက် သုတေသီတွေဟာ ရုပ်ရှင် မကြည့်ခင် ၁၅ မိနစ် နဲ့ ရုပ်ရှင်ကြည့်ပြီး ၁၅ မိနစ်တို့ ရဲ့ သွေးနမူနာတွေကို ရယူ ခဲ့ပါတယ်။

Insidious ဇာတ်ကား ကို ကြည့်ရှုတဲ့ အခါမှာ ဗော်လန်တီယာ ၅၇ ရာခိုင်နှုန်း ဟာ သွေးခဲမှု ဖြစ်ပေါ်ခဲ့ပြီး မှတ်တမ်း ရုပ်ရှင် ကားကတော့ ကြည့်ရှုသူ ၁၄ ရာခိုင်နှုန်းကို သာ သွေးလန့်မှု ဖြစ်ပေါ်စေ ခဲ့တာကိုလည်း တွေ့ ရပါတယ်။

သုတေသီတွေ ယုံကြည်ခဲ့တာကတော့ သွေးခဲမှု မြင့်တက်လာခြင်းဟာ ကြောက်ရွံ့ မှုတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုအနေနဲ့ခန္ဓာကိုယ်ရဲ့  ကြိုတင်ပြင်ဆင် တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

"ငါတို့ သံသယရှိတာကတော့ ကြောက်လန့်ခြင်းဟာ သွေးခဲမှု ကို မြန်ဆန်စေနိုင်ပါတယ်" လို့ Nemeth Banne ဆိုသူ သုတေသီက ဆိုခဲ့ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/blog-post_20.html


No comments:

Post a Comment