ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

ဒဏ်ရာတွေကို သန့်စင်ဖို့ ရေနဲ့ ဆပ်ပြာထက် ဆားပျော်ရည်က ပိုသင့်တော်




ဆေးရုံတွေမှာ ခွဲစိတ် ကုသ မှုတွေ ပြုလုပ် ရာမှာလည်း သန့်ရှင်းရေး အတွက်ဆပ်ပြာနဲ့ ရေကို အိမ်တွေမှာ လိုပဲ အဓိက အသုံးများဆုံး စံနည်းစနစ် အဖြစ် သတ်မှတ် ထားကြပေမယ့် ဒဏ်ရာ တွေကို ဆေးကြော သန့်စင်ဖို့ ဆိုရင် ဆားပျော်ရည်က ပိုမို ထိရောက်တဲ့ နည်းလမ်း ဖြစ်တယ်လို့ သုတေသီတွေက လေ့လာမှု အသစ်အရ ထုတ်ဖော် ကြေညာ ထားပါတယ်။

McMaster University က သုတေသီတွေက စုတ်ပြဲ ဒဏ်ရာတွေကို ဆေးကြော သန့်စင်မယ် ဆိုရင် ဖိအားနည်းတဲ့ ရေဟာ ပိုပြီးအကျိုး သက်ရောက် မှုရှိတဲ့ အပြင် ခွဲစိတ် ကုသမှုတွေ ပြီးတဲ့ အခါမှာလည်း ကူးစက် ရောဂါဖြစ်ပွား မှုတွေ ကိုလည်း ကာကွယ် ပေးနိုင်ကာ ရေနဲ့ ဆပ်ပြာ သုံးစွဲမှုထက် ပိုပြီး ကုန်ကျ စရိတ် သက်သာ တာကို တွေ့ရ ပါသတဲ့။

“ပြင်းထန်တဲ့ ဒဏ်ရာတွေ၊ အရိုးကျိုးကြေ တာတွေမှာ ရှိတဲ့ ဖုန်မှုန့်တွေနဲ့ အညစ် အကြေးတွေကို သန့်စင်စေဖို့ အတွက် ဒါဟာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

ဒဏ်ရာအားလုံးဟာ သေချာ စင်ကြယ်အောင် ဆေးကြော သန့်စင်ဖို့ လိုအပ်တာဖြစ်ပေမယ့် ဆပ်ပြာသုံးစွဲပြီး သန့်စင်ဆေးကြောတာဟာ ရေနဲ့ ဆေးကြော တာလောက်တောင် မသန့်ရှင်းဘူး ဆိုတာ ကိုလည်း တွေ့ရှိခဲ့ ရပါတယ် “ လို့ McMaster University က ခွဲစိတ် အထူး ပါမောက္ခ Dr. Mohit Bhandari က ဆိုပါတယ်။

ဆားပျော်ရည်ဟာ ဆပ်ပြာထက် ပိုမိုကောင်းမွန်တဲ့ အနာ သန့်စင် ဆေးရည်ဖြစ်ပြီး ဆားပျော်ရည် သုံးစွဲသန့်စင်တဲ့ လူနာဦးရေ ၁၁.၆% ထက် ဆပ်ပြာ သုံးစွဲ သန့်စင်တဲ့ လူနာဦးရေ ၁၄.၈% ဟာ ပြန်လည် ခွဲစိတ် ကုသမှုတွေ ခံယူခဲ့ ရတယ်လို့ ဆိုပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/blog-post_34.html


No comments:

Post a Comment