ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 22, 2015

အမျိုးသမီးတွေနဲ့  ဆေးလိပ်ငွေ့




ဆေးလိပ် သောက်တတ် တာကော၊ မသောက်တတ် ပေမယ့် တခြားသူတွေရဲ့ ဆေးလိပ်ငွေ့ တွေကို တစ်ဆင့် ရှူရှိုက် နေရခြင်း ကပါ အမျိုးသမီးတွေ အတွက် သွေးဆုံးချိန် စောနိုင်ကြောင်း လေ့လာမှု တစ်ခုမှာ တွေ့ ရှိခဲ့ ပါတယ်။

ဆေးရွက်ကြီး လောင်ကျွမ်းမှုက ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဆေးလိပ် သောက်ခြင်း ကြောင့်ဖြစ်စေ၊ တစ်ဆင့် ရှူရှိုက်ခြင်း ကြောင့်ဖြစ်စေ၊ ထိတွေ့ မိခြင်းဟာ တစ်ခါမှ ဆေးလိပ် မသောက်ဖူးသူ၊ တစ်ဆင့် မရှူရှိုက် ဖူးသူတွေနဲ့  ယှဉ်ရင် တစ်နှစ်၊ နှစ်နှစ်စောပြီး သွေးဆုံးချိန်ကို ပိုမြန်မြန် ရောက်နိုင် ပါတယ်။

လက်ရှိ သောက်နေသူ ဒါမှမဟုတ် ဆေးလိပ်ဖြတ် လိုက်သူ အမျိုးသမီးတွေမှာ မျိုးမအောင်နိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများပြီး၊ ဆေးလိပ် အခိုးအငွေ့ တွေအများအပြား ရှူရှိုက်နေရသူ အမျိုးသမီးတွေ မှာတော့ ကိုယ်ဝန် ရဖို့ ရာ အခက်အခဲ ကြုံရနိုင်ခြေ ၁၈ ရာခိုင်နှုန်း ပိုများနေ ပါတယ်။

‘Tobacco Control’ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ယခုလေ့လာမှုမှာ သုတေသနပညာရှင်တွေဟာ သဘာဝအလျောက် သွေးဆုံးချိန်ရောက်ပြီးသား အသက် ၅၀ ကနေ အသက် ၇၉ နှစ်အတွင်း အမျိုးသမီးပေါင်း ၇၉၆၉၀ ဦးကို လေ့လာခဲ့ပါတယ်။

ထို့ နောက်မှာတော့ သူတို့ ရဲ့ ဆေးလိပ်သောက်တတ်တဲ့အကျင့်၊ မျိုးအောင်မှု ပိုင်းဆိုင်ရာပြဿနာတွေနဲ့  သားအိမ်မထုတ်ဘဲ သဘာဝအလျောက်သွေးဆုံးချိန်ဝင်ခဲ့တဲ့ အသက်တွေကို မေးမြန်းခဲ့ပါတယ်။

ဆေးလိပ်သောက်တတ်သူ၊ သောက်ခဲ့ဖူးသူတွေကိုလည်း နေ့ စဉ် ဘယ်နှစ်လိပ် သောက်ခဲ့လဲ၊ စသောက်ခဲ့တဲ့အသက်၊ ဘယ်လောက်ကြာကြာသောက်ခဲ့လဲဆိုတာ စစ်တမ်းကောက်ခဲ့ပြီး၊ မသောက်ဖူးသူတွေကိုတော့ ကလေးဘ၀၊လူကြီးဘ၀မှာ ဆေးလိပ်သောက်သူနဲ့ အချိန်ကြာတူတူနေဖူးသလား ဆိုတာကို မေးမြန်းခဲ့ပါတယ်။

တွေ့ ရှိချက်အရ ဆေးလိပ်သောက်သူအမျိုးသမီးတွေဟာ မျိုးမအောင်နိုင်ခြေ ၁၄ ရာခိုင်နှုန်းပိုများပြီး အသက် ၅၀ မတိုင်ခင် သွေးဆုံးနိုင်ခြေလည်း ၂၆ ရာခိုင်နှုန်းပိုများနေပါတယ်။

တစ်ဆင့်ရှူရှိုက်သူတွေကတော့ မျိုးမအောင်နိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုများပြီး ဆေးလိပ်သောက်သူနဲ့ အချိန်ကြာကြာ တူတူမနေဖူးတဲ့ အမျိုးသမီးတွေထက် ၁၃ လလောက်စောပြီး သွေးဆုံး ၀င်ချိန် စောတတ်တာကို တွေ့ ရှိခဲ့ရပါတယ်။

ဒီတွေ့ ရှိမှုဟာ တခြားအကျိုးသက်ရောက်မှုတွေရှိနိုင်တဲ့ အရက်သောက်သုံးမှု၊ အားကစားလှုပ်ရှားမှု စတဲ့ အကြောင်းအရာတွေကို ထည့်သွင်း တွက်ချက်ပြီးမှ ဆေးလိပ်သောက်ခြင်းနဲ့ သွေးဆုံး ၀င်ချိန်၊ မျိုးမအောင်မှု တို့ အကြား ဆက်စပ်မှုကို အဖြေရှာခဲ့တာဖြစ်ပါတယ်။

Ref: DailyMail

Originally published at -


No comments:

Post a Comment