ဒီသတင်း ကတော့ ကြားရတာ စိတ်ချမ်းသာ စရာပါ သင်ဟာ အိပ်စက် နေရင်းနဲ့ ပဲ ကယ်လိုရီ တွေကို လောင်ကျွမ်း စေနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျ စေနိုင် ပါတယ်တဲ့။
သိပ္ပံ ပညာရှင် အဖွဲ့ တစ်ဖွဲ့  ရှာဖွေ တွေ့ရှိခဲ့ တာကတော့ ညဘက် အိပ်စက် နေစဉ်မှာပဲ သင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်း ရှိနေတဲ့ အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားတွေဟာ ကယ်လိုရီ တွေကို လောင်ကျွမ်း စေနိုင်တယ် ဆိုတာပါပဲ။
Lowa တက္ကသိုလ်က သုတေသီ အဖွဲ့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းက အဏုဇီဝ ပိုးမွှားတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေ ခြင်းဟာ ကိုယ်အလေးချိန် လျော့ကျမှု ကို ဖြစ်စေနိုင် တယ်ဆိုတာကို အတည်ပြု ပေးနိုင်ခဲ့ ပါတယ်။
အဲဒီလို ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အဏုဇီဝ ပိုးမွှားတွေကို ရရှိလာဖို့ အတွက်တော့ Risperidone ဆိုတဲ့ ဆေးဝါး တစ်မျိုးက ဖန်တီး ပေးနိုင် ပါတယ်။
Risperidone ဆိုတဲ့ ဆေးဝါးကတော့ အော်တစ်ဇင် ၊ ၂ ကိုယ်ခွဲ စိတ်ရောဂါ ၊ စိတ်ကစဥ့် ကလျား ရောဂါ တို့ကို ခံစားနေရတဲ့ ကလေး ၊ လူကြီး တို့ အတွက် သောက်သုံးရတဲ့ ဆေးပဲ ဖြစ်ပါတယ်။
ထို ဆေးကို သောက်ထား ရင်တော့ ညအိပ်ချိန် တွေမှာ ကိုယ်အလေးချိန် လျော့ကျမှုကို ဖြစ်စေတဲ့ အဏုဇိဝ ပိုးမွှားတွေကို သင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်း ဖြစ်ပေါ် လာစေ တာပဲ ဖြစ်ပါတယ်။
သုတေသီတွေ ကတော့ သူတို့ရဲ့  ရှာဖွေ တွေ့ရှိမှုဟာ အ၀လွန် ရောဂါ အတွက် ကုထုံး တစ်ခု ဖြစ်လာနိုင်ဖို့ မျှော်လင့်နေ ကြပါတယ်။ ဒီလေ့လာမှု ကိုတော့ eBiomedicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ် ဖော်ပြခဲ့ ပါတယ်။
Ref : Dailymail
Originally published at - http://health.thithtoolwin.com/2015/12/blog-post_62.html
No comments:
Post a Comment