ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

ကော်ဖီသောက်ခြင်းဟာ စောစီးစွာ သေဆုံးနိုင်ချေ နည်းစေ




တစ်နေ့ကို ကော်ဖီ ၅ ခွက် သောက်သုံးခြင်းဟာ သင့်ကို ရင် တထင့်ထင့် ဖြစ်နေ စေမှာပါ။ ဒါပေမယ် လည်း ဒီအမူ အကျင့်ဟာ သင့်ရဲ့ ဘ၀ ကို ကယ်တင် ပေးနိုင်ပါတယ်။

လေ့လာမှု အသစ် တစ်ခုက ဖော်ပြ လိုက်တာ ကတော့ ကော်ဖီ ပုံမှန် သောက်သုံး သူတွေဟာ ကော်ဖီ မသောက်တတ် သူတွေထက် စာရင် နှလုံးရောဂါ ၊ ဆီးချို သွေးချို ရောဂါ တို့ ကြောင့် သေဆုံးနိုင်ချေ နည်းတယ် ဆိုတာပါပဲ။

ဖြည့်စွက်ပြောရမယ် ဆိုရင်တော့ တစ်နေ့ကို ကော်ဖီ ၄ ခွက် (သို့) ၅ ခွက် သောက်သုံးခြင်းဟာ စောစီးစွာ သေဆုံးနိုင်ချေ နည်းစေတယ် ဆိုတာကိုလည်း လေ့လာမှု က ရှာဖွေတွေ့ ရှိခဲ့ ပါသေးတယ်။

ကော်ဖီသောက်သုံး သူတွေဟာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများ ၊ ဆီးချိုသွေးချို ၊ နျူမိုးနီးယား ၊ တုပ်ကွေး ၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း စတဲ့ စောစီးစွာ သေဆုံး စေမှုတွေကိုလည်း ဖြစ်နိုင်ချေ နည်းပါး သွားစေပါတယ်။

"ကော်ဖီဟာ ဇီဝဗေဒ သဘောအရ လှုပ်ရှားမှုပြုနိုင်တဲ့ ကွန်ပေါင်းတွေဖြစ်တဲ့ ဖီနောလစ် အက်ဆစ် ၊ ပိုတက်ဆီယမ် နဲ့ ကဖိန်း တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။" လို့ အမျိုးသားကင်ဆာဌာန ရဲ့  ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Erikka Loftfield က ဆိုပါတယ်။

သုတေသီတွေဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း ကင်ဆာရောဂါ မရှိတဲ့ လူဦးရေ ၉၀၃၁၇ ယောက်တို့ရဲ့  ကဖိန်းမှီဝဲမှု နဲ့ အခြား ကျန်းမာရေး အချက် အလက်တွေကို ရယူပြီး ဒီသုတေသန ကိုဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ဒီလေ့လာမှုကိုတော့ American Journal of Epidemiology မှာ ပုံနှိပ် ဖော်ပြ ခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_86.html


No comments:

Post a Comment