ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 9, 2015

အမျိုးသမီး တွေထက် အမျိုးသားတွေဟာ ကားမောင်းဖို့ ပိုမို သင့်တော်




ကားမောင်းတဲ့ အခါ အမျိုးသား တွေဟာ သူတို့မှာ လမ်းကြောင်း နဲ့ ပတ်သက်ရင် ပိုမို ကောင်းမွန်တဲ့ အာရုံခံစား မှုရှိတယ်လို့ ဆိုကြပေမယ့် ဒါကို အမျိုးသမီး တွေက လက်မခံ ကြပါဘူး။ အခုတော့ သိပ္ပံပညာ လေ့လာမှု တစ်ခုက ဒါကို သက်သေပြ နိုင်ခဲ့ပါပြီ။

နော်ဝေနိုင်ငံက သုတေသီ တွေဟာ ဗော်လန်တီယာ တွေရဲ့ ဦးနှောက်ကို Scan ဖတ်ကြည့်ပြီး ထို ဗော်လန်တီယာ တွေကို လမ်းကြောင်း ရှာတဲ့ လုပ်ဆောင်ချက်ကို လုပ်စေ ခဲ့ရာမှာ အမျိုးသား တွေဟာ မတူညီတဲ့ ဦးနှောက် အစိတ်အပိုင်း တွေကို အသုံးပြုတာ ဖြစ်တဲ့ အတွက် လမ်းကြောင်း ရှာရာမှ အမျိုးသမီး တွေထက် ပိုမို ထိရောက်မှု ရှိခဲ့တာကို တွေ့ခဲ့ ရပါတယ်။

အမျိုးသမီးတွေ အနေနဲ့ကတော့ Testosterone ဆိုတဲ့ ဟော်မုန်း တစ်မျိုးသာ သူတို့ရဲ့ လျှာပေါ် တင်ထား ပေးနိုင်ရင် သူတို့ရဲ့ အရည်အချင်း တွေကို မြင့်တက် လာနိုင်တယ် လို့လည်း သုတေသန အရ သိရပါတယ်။

ဒီသုတေသန မှာတော့ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်တို့ကို ကြီးမားတဲ့ ၀င်္ကဘာ တစ်ခုထဲမှာ 3D လေကာ ၊ ရေကာ မျက်မှန်ကို ၀တ်ဆင် စေပြီး ပုံရိပ်ညွှန်ကြားချက် ကိရိယာ နဲ့ လမ်းကြောင်း ရှာဖွေစေကာ သူတို့ရဲ့ ဦးနှောက် လုပ်ဆောင်ချက် ဓါတ်ပုံတွေ ကိုတော့ မှတ်တမ်း တင်ထား ခဲ့ကြပါတယ်။

အဲဒီအခါမှာ အမျိုးသား တွေဟာ အမျိုးသမီး တွေထက် ၅၀ ရာခိုင်နှုန်း တိတိ အဘက်ဘက် က သာလွန်တဲ့ လုပ်ဆောင်ချက်တွေ ရှိခဲ့ပါတယ်။

အခုလို ကွာခြား ရခြင်း ဟာလည်း လမ်းကြောင်း ရှာဖွေတဲ့ အခါ ၊ ကားမောင်းနှင်တဲ့ အခါမှာ အမျိုးသားတွေက ဦးနှောက်ရဲ့ မှတ်ဥာဏ်နဲ့ စိတ်ခံစား မှုတွေ ဖြစ်တည်တဲ့ ဗဟိုနေရာ Hippocampus ကို အသုံးပြု ကြပြီး အမျိုးသမီးတွေ ကတော့ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာတွေ ကိုသာ အသုံးပြုကျတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

တူညီတာ တစ်ခုကတော့ ကားမောင်းပြီး လမ်းကြောင်း ရှာဖွေတဲ့ အခါမှာ အမျိုးသားတွေရော ၊ အမျိုးသမီးတွေပါ ဦးနှောက်ရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်း တော်တော် များများကို အသုံးပြု ကြတာပါပဲ။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_9.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment