ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 9, 2015

သက်လတ်မှာ အကောင်းမြင်စိတ် ထားခြင်းဟာ အသက်ကြီးတဲ့ အခါ အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးနိုင်




အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အသက်အရွယ် ကြီးရင့် လာခြင်းကို အကြောပေး ခြင်းလို့ ပဲ သတ်မှတ် ရှုမြင် ထားတဲ့ သက်လတ်ပိုင်း ပုဂ္ဂိုလ်တွေ ဟာလည်း ရူးသွပ် သွားခြင်း ကဲ့သို့သော ဦးနှောက်ရဲ့ ပြောင်းလဲ မှုတွေကို ဆယ်စုနှစ် အနည်းငယ် အကြာမှာ တွေ့မြင် လာရနိုင် တယ်လို့လည်း သိပ္ပံပညာ ရှင်တွေက ဆိုပါတယ်။

ဒါဟာ အတွေး အခေါ်တွေနဲ့ ကြောက်ရွံ့မှုတွေက ဖန်တီးပေး လိုက်တဲ့ စိတ်ဖီးစီးမှု တွေဟာ ဦးနှောက်ကို အချိန်ကြာ လာတာနဲ့ အမျှ စားသုံး ပစ်လိုက်ကြ ပါတယ်။ အမေရိကန် သုတေသီ တွေရဲ့ ပြောကြားချက် အရ ကျန်းမာတဲ့ အစားအစာ တွေဟာ စိတ်ပိုင်း ဆိုင်ရာ နုပျိုနေအောင် ထိန်းသိမ်းပေး ထားနိုင်တယ် ဆိုပေမယ့်လည်း သုတေသီတွေ ကတော့ အကောင်းမြင် စိတ် ထားရှိခြင်းဟာ အသက် အရွယ် ကြီးရင့်လာတဲ့ အခါမှာ ကောင်းကျိုး များစွာ ရရှိစေ တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းထက် လွယ်ကူပြီး ဆေးဝါးတွေအားလုံးထက် ဈေးသက်သာ တဲ့ အကောင်းမြင်စိတ်ထားခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါ ရှင်သန်လာမှုကိုလည်း တားဆီးပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါသေးတယ်။ လက်ရှိ အယ်လ်ဇိုင်းမား ရောဂါသည်တွေအတွက် ထုတ်လုပ်နေတဲ့ ဆေးဝါးတွေဟာလည်း အရေအတွက် ကန့်သတ်မှု ရှိနေပြီး ကောင်းမွန်ပါတယ်ဆိုတဲ့ ကုသနည်းတွေဟာလည်း အကြိမ်ကြိမ် ရှုံ့ချခံခဲ့ရဖူးပါတယ်။

အမေရိကန် ပြည်ထောင်စု Yale တက္ကသိုလ်ရဲ့ ပြည့်သူကျန်းမာရေးကျောင်း က ဒေါက်တာ Levy ဟာ အမျိုးသားနဲ့ အမျိုးသမီး ၇၄ ယောက်ရဲ့ သက်လတ်ပိုင်းအရွယ်က စတင်ပြီး သေဆုံးချိန်အထိ ဒေတာ အချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အားလုံးဟာ အသက် ၅၀ နောက်ပိုင်းနဲ့ အသက် ၆၀ အစောပိုင်းတွေမှာ ကျန်းမာရေးကောင်းမွန်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

ပထမဆုံးတော့ သုတေသီတွေဟာ အစမ်းသပ်ခံသူတွေရဲ့ စာရိတ္တနဲ့ အသက်အရွယ်ကို ချိတ်ဆက်နိုင်မယ့် စစ်တမ်းကောက်ယူမှု ကို သတ်မှတ်ခဲ့ကြပါတယ်။ နှစ်၂၀ခန့်အကြာမှာတော့ သူတို့ဟာ ဦးနှောက်ရဲ့ အလိုလျောက် အာရုံခံ စနစ်ဖြစ်ပြီး ခံစားမှု တွေနဲ့ မှတ်ဥာဏ်တွေကို သိုလှောင်တဲ့ ဗဟိုနေရာ ဖြစ်တဲ့ Hippocampus ရဲ့ အရွယ်အစားကို Scan ဖတ်ကြည့်တဲ့အခါ အသက်ကြီးလာတနဲ့အမျှ hippocampus ရဲ့ အရွယ်အစားလည်း သေးငယ်လာတာကိုတွေ့ရပြန်ပါတယ်။

ဦးနှောက်ဟာ အသက်ကြီးလာတာနဲ့အမျှ ပုံမှန်အားဖြင့်သေးငယ်လာပေမယ့် ဆယ်စုနှစ် ၂ ခု မတိုင်မီက တွေးခဲ့ဖူးတဲ့ မကောင်းမြင် စိတ် တွေဟာ အသက်ကြီးလာတဲ့အခါ Hippocampus ရဲ့ အရွယ်အစားကို ၃ ဆ ပိုမို မြန်ဆန်စွာ သေးငယ်သွားစေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ် ကို သက်လတ်ပိုင်းကတည်းက တွေးခေါ်လာတဲ့အခါမှာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အယ်လ်ဇိုင်းမားအပါအ၀င် အခြား ဦးနှောက်ရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

ဒီလေ့လာမှုကိုတော့ Psychology and Aging ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_56.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment