
လေ့လာ တွေ့ရှိချက် အသစ်မှာ သုတေသီတွေဟာ မျက်နှာ အစားထိုး ခွဲစိတ် ကုသ မှုတွေ ပြုလုပ် ထားသူ တွေဟာ သူတို့ရဲ့ အရိုး ဖွဲ့စည်းပုံပေါ် မူတည်ပြီး အိုမင်း ရင့်ရော် မှုနှုန်းကို မြန်ဆန် စေတယ် ဆိုတာ တွေ့ရှိ ခဲ့ကြပါသတဲ့။
ဆရာဝန်တွေက ခုလိုမြန်မြန် ဆန်ဆန် အိုမင်း ရင့်ရော်ခြင်းကို အတည်ပြုနိုင် ခဲ့ပေမယ့် ဘာကြောင့် ဒီလိုဖြစ် ရတယ်ဆိုတာကို တိတိ ကျကျ မသိရသေး ပါဘူးတဲ့။
“မျက်နှာ အစားထိုး ခွဲစိတ်မှုတွေ လုပ်တဲ့ သူတွေဟာ ငယ်ရွယ်တဲ့ သူတွေဖြစ်ပြီး သူတို့ဒီလို ပြုပြင်ကုသ ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ရလဒ်တွေကို လေ့လာနေ ကြတာဖြစ်ပါတယ်။
ကျွန်တော်တို့က အစားထိုး ကုသမှုတွေ လုပ်ပြီးတဲ့ မျက်နှာတွေဟာ ဘာလို့ မြန်မြန် ဆန်ဆန် အိုမင်း ရင့်ရော် သွားကြတယ် ဆိုတာကို လေ့လာ ခဲ့တာပါ ဒါပေမယ့် တစ်ခြား မသိရသေးတဲ့ အကြောင်း အရာတွေ အများကြီး ရှိပါတယ်။
ဒီလို အိုမင်းရင့်ရော် တာတွေ ဘယ်အချိန်မှာ ရပ်တန့် သွားမလဲ?
ဒါဟာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အရာတွေလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်က လက်မခံတဲ့ လက္ခဏာတွေလား? ကျွန်တော်တို့ လေ့လာချက် မှာလည်း သိပ္ပံပညာမှာ တွေ့နေကျ မေးခွန်းပေါင်း များစွာ ထွက်လာတော့ တာပေါ့ ” လို့ Brigham and Women's Hospital and Harvard Medical School မှ ဒေါက်တာ Bohdan Pomahac က ရှင်းလင်း ပြောပြ သွားပါတယ်။
သုတေသီတွေဟာ ၃၆ လကြာ လေ့လာမှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး မျက်နှာမှာ အိုမင်း ရင့်ရော်မှုနှုန်းဟာ သိသိ သာသာ မြန်ဆန်နေ တာကို တွေ့ရှိခဲ့ ကြပါသတဲ့။
ဒါပေမယ့် အရိုးနဲ့ ကြွက်သားတွေမှာ လျော့နည်း သွားတာဖြစ်ပြီး မျက်နှာပြင် အဆီ နဲ့ အသားအရည်ရဲ့ အထူအပါး ကတော့ ပုံမှန် အတိုင်းဖြစ်နေတာကို တွေ့ရတာ ဖြစ်ပါတယ်။
Ref : Upi
Original link - http://health.thithtoolwin.com/2015/12/blog-post_90.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments:
Post a Comment