ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

ဖုန်းနဲ့ စာရိုက်ခြင်း (Texting) ဟာ ဆယ်ကျော်သက်တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်




ဆယ်ကျော်သက်တွေ ဖုန်းတစ်လုံး ပေါ်မှာ ဆက်တိုက် စာရိုက်ခြင်း (Texting) နဲ့ အချိန် ကုန်ဆုံးနေ တာကို သင်အာရုံ နောက်မိ ပါသလား။ အာရုံနောက် တာထက် စိတ်ပူပေးဖို့ ပိုလိုအပ် နေပါတယ်။ သူတို့ရဲ့ ဖုန်းတွေကို ပဲ အချိန်တိုင်း ကြည့်နေတတ်တဲ့ လူငယ်လေး တွေဟာ ကျန်းမာရေး ပြဿနာ တွေ ရှိလာနိုင် ပါတယ်။

အဓိက ပြဿနာ ဖြစ်စေတာကတော့ ဆယ်ကျော်သက်တွေရဲ့ မက်ဆေ့ဂ်ျပို့ဖို့ စာရိုက်ခြင်းနဲ့ Chat အသုံးပြုနိုင်တဲ့ လူမှုမီဒီယာ App တွေပဲ ဖြစ်ပါတယ်။

လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်တာက သူတို့ရဲ့ ဖုန်းတွေကိုပဲ အချိန်တိုင်း ကြည့်နေတတ်တဲ့ ဆယ်ကျော်သက်တွေဟာ အိပ်ချိန်တွေ ကျော်လွန်လာတတ်ပြီး ၊ အိမ်စာ တွေလုပ်ဖို့ ရှုံးနိမ့်ကာ အမြဲတမ်း ဖုန်းပေါ်မှာ စာရိုက်နေသူ(Texter) တွေသာ ဖြစ်လာနိုင်ပါတယ်။

အဲဒီလို ဖြစ်နေခြင်းဟာ နိမ့်ကျတဲ့ လူနေမှု ဘ၀တစ်ခုကို သာ ရရှိနိုင်မှာ ဖြစ်ပြီး အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ ပိုဂရုစိုက်သင့်ပါတယ်။

Psychology of Popular Media Culture ဆိုတဲ့ အမေရိကန် အွန်လိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုဟာ လူမှုမီဒီယာ အလွန်အကျွံ သုံးစွဲမှု နဲ့ ကျောင်း ပညာရေး နိမ့်ကျနေမှု ကြားက ပတ်သက်ဆက်နွယ်နေမှုကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ဆာဗေး ကောက်ယူမှုတစ်ခု ကနေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ဆယ်ကျော်သက်တွေ Facebook မှာ အချိန်ကုန်တာများလာလေလေ ၊ သချာင်္ဘာသာရပ်မှာ ညံ့လာလေလေပဲ ဖြစ်ပါတယ်။

အိမ်စာလုပ်နေချိန်မှာ ဖုန်းနဲ့ စာရိုက်နေသူတွေဟာလည်း ပညာရေးမှာ နိမ့်ကျနေတတ်ကြပါတယ်။

စာသင်ချိန်မှာ အဲဒီလို စာရိုက်နေသူတွေဟာ သင်ခန်းစာ အသေးစိတ်ကိုလည်း မသိရှိကြသလို သင်ခန်းစာ ကို မှတ်မိခြင်းလည်း မရှိတော့ပါဘူး။ ဒါ့အပြင် အချိန်တိုင်း ဖုန်းနဲ့စာရိုက်ဖို့ ကြိုးစားနေသူတွေဟာ အိပ်ချိန်မှာလည်း ပြဿနာ ရှိပါတယ်။

အမေရိကန် သတင်းတင်ပြချက် တစ်ခုမှာတော့ ဆယ်ကျော်သက် ၃ ပုံ ၁ ပုံဟာ ကိုယ်ပိုင် မိုဘိုင်းလ် ဖုန်း ကိုယ်စီ ပိုင်ဆိုင် ထားကြပြီး ထိုလူငယ်တွေထဲက ၁၀ ယောက်မှာ ၆ ယောက်ဟာ နေ့စဉ် ဖုန်းနဲ့ စာရိုက်နေ သူတွေပဲ ဖြစ်ပါတယ်။

ဒါဟာ ဆယ်ကျော်သက်တွေအတွက် ဖုန်းပြောချိန် ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် (သို့) အီးမေးလ် အသုံးပြုချိန်တွေထက်ပိုများနေပါတယ်။ ဆယ်ကျော်သက်တွေ နေ့စဉ်ပျမ်းမျှ ပို့နေတဲ့ မက်ဆေ့ဂ်ျ အစောင်အရေအတွက် ဟာ တစ်နေ့ကို ၆၀ ခန့်ရှိနေပါတယ်။

အသက်နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကတော့ တစ်နေ့ကို မက်ဆေ့ဂ်ျ အစောင် ၁၀၀ လောက်ပို့နေကြပြီး ယောကျာင်္းလေးတွေကတော့ တစ်နေ့ကို အစောင် ၅၀ လောက်ပို့နေကြပါတယ်။

ဖုန်းနဲ့ စာရိုက်ခြင်းကနေ အဓိက ဖြစ်ပွားစေခဲ့တာကတော့ အာရုံစိုက်နေခြင်းကို လျှော့ချလိုက်တာပါ။ ဒါကြောင့် အာရုံစိုက်ဖို့လိုအပ်တဲ့ စာသင်ခန်းထဲမှာ ဖုန်းနဲ့စာရိုက်ခြင်းက ပညာရေး နိမ့်ပါးမှု ကို ဖြစ်ပေါ်စေခဲ့တာ အံ့သြစရာတော့မရှိပါဘူး။

ဗြီတိန်နိုင်ငံက နောက်ဆုံးပြုလုပ်လိုက်တဲ့ လေ့လာမှုအရတော့ လူမှုမီဒီယာ မှာ အချိန်ဖြုန်းတာများတဲ့ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြားဆယ်ကျော်သက်တွေမှာ အဖြစ်အများဆုံးကတော့ စိတ်ဖိစီးမှု ၊ မောပန်းနွမ်းနယ်မှု နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/texting.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment