ငယ်စဉ် ကလေးဘ၀ ကတည်းက ကျန်းမာရေး စောင့်ရှောက် မှုတွေ ပြုလုပ်ပေး ခြင်းဟာ အရွယ် ရောက်ချိန်မှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အခြေအနေများ ရရှိနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်အရ သိရှိ ရပါတယ်။
ဒါ့အပြင် ငယ်စဉ်မှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတာဟာ မိသားစု စီးပွားရေးအခြေအနေအတွက်လည်း အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။
ဘာလို့လည်းဆိုတော့ မိဘတွေအတွက်လည်း ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေအတွက် ပြုစုကုသစရိတ်တွေ လျော့နည်းသွားတဲ့အတွက် ကလေးငယ်ရဲ့ တစ်ခြားလိုအပ်တဲ့နေရာတွေမှာ ငွေကြေးပိုမိုအသုံးပြုနိုင်တဲ့အတွက်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လေ့လာမှုတွေအရ ၀င်ငွေနည်းပါးတဲ့ မိသားစုမှ ကလေးငယ်တွေဟာ ရေတိုကျန်းမာရေး စောင့်ရှောက်မှုတွေသာ ရရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ဟာ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ ကလေးငယ်တွေရဲ့ကျန်းမာရေးအခြေအနေမှာ ပိုမိုကောင်းမွန်စေတာကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။
University of Maryland မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Michel Boudreaux က “ ငယ်စဉ်ကတည်းက ကလေးငယ်တွေရဲ့ ရောဂါရှာဖွေ ကုသထားဖို့ အရေးကြီးပြီး အနာဂတ်ကာလမှာလည်း ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။
Ref : Upi
Original link - http://health.thithtoolwin.com/2015/11/blog-post_53.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment