ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

တရားမဝင် မူးယစ်ဆေး သုံး၍ လိင်ဆံခြင်းက လိင်ကူးစက် ရောဂါပိုဖြစ်စေ




တရားမဝင် မူးယစ်ဆေးတွေ သုံးထားပြီး ၄င်းရဲ့ ဆေးရှိန်အောက်မှာ လိင်ဆက် ဆံခြင်းက လိင်မှတဆင့် ကူးစက် ရောဂါဖြစ်နှုန်း ပိုများ လာတယ်လို့ သုတေသီတွေက အခိုင်အမာ ပြောဆို ခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ် မှုကို တိုးမြှင့်ပေးဖို့နဲ့ လိင်စိတ်ကြွဖို့၊ အရှက် အကြောက် လျော့နည်းစေဖို့ သုံးတဲ့ ဆေးတွေဟာ အသုံးပြုသူတွေက အန္တရာယ် ဖြစ်စေတယ်လို့ သုတေသီ တွေက ပြောခဲ့ပါတယ်။

စိတ်ကြွဆေးတွေကို လိင်တူချစ်သူအမျိုးသားများ အုပ်စုအပါအဝင် အုပ်စုတွေက “အဆက်မပြတ် ရာဂနှိုးဆွစေဖို့” နဲ့ “အဆင်သင့် ဆက်ဆံရဖို့” အတွက်တွေကို သုံးနေကြကြောင်း သက်တွေတွေရှိပါတယ်။

ဒီအုပ်စုတွေမှာ မူးယစ်ဆေးဝါးသုံးသူတွေကြား အကာအကွယ်မဲ့ လိင်ဆက်ဆံရမယ်ဆိုတာဟာ စံသတ်မှတ်ချက် ဖြစ်နေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက British Medical Journal (BMJ) မှာရေးသားထားပါတယ်။

“အဲ့ဒီ့ မူးယစ်ဆေးဝါးတွေက လိင်ဆက်ဆံတဲ့အခါ လိင်ဆက်ဆံဖော်များစွာနဲ့ နာရီပေါင်းများစွာ၊ နေ့ပေါင်းများစွာ အဆင်ပြေချောမွေ့နေစေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။

မော်ဖီဒရုန်းနဲ့ ခရစ်စတယ် မတ်တာဒုန်းတွေဟာ ရုပ်ပိုင်းကို နှိုးဆွဆေးတွေပါ။ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တွေကို တက်စေပါတယ်။ စိတ်ကျေနပ်မှုနဲ့ ရာဂကိုလည်း နှိုးဆွပေးပါတယ်။” လို့ လိင်ကျန်းမာရေးနှင့်မူးယစ်သုံးစွဲမှု မှာလုပ်နေတဲ့ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ကပြောခဲ့ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_4.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment