ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

တစ်နေ့ကို ၉နာရီလောက် လူမှုကွန်ရက်ကို ဝင်ကြည့်နေကြတဲ့ ဆယ်ကျော်သက်တွေ




အမေရိကန် နိုင်ငံရှိ ဆယ်ကျော်သက် တွေဟာ ကျောင်းချိန်၊ အိမ်စာ လုပ်တဲ့ အချိန်တွင် ပြင်ပမှာ ဒစ်ဂျစ်တယ် မီဒီယာ ကြည့်ရှု သုံးစွဲတဲ့နှုန်းက ပျမ်းမျှ အားဖြင့် တစ်နေ့ကို ၉နာရီလောက် ရှိတယ်လို့ ဆိုပါတယ်။

Tween လို့ခေါ်တဲ့ အသက် ၈နှစ်နဲ့ ၁၂ နှစ်ကြား ကလေးငယ်တွေဟာ တစ်နေ့ကို ၆နာရီလောက်အသုံးပြုပြီး ဒစ်ဂျစ်တယ်မီဒီယာများ ကြည့်ရှုသုံးစွဲနေကြပြီး သူတို့ရဲ့ အစ်ကိုအစ်မတွေအသုံးပြုသလို အချိန်ပိုကြာကြာအသုံးပြုလာနိုင်ကြောင်း လေ့လာချက်အသစ်အရ သိရှိရကြောင်း Common Sense Media မှာဖော်ပြထားပါတယ်။

လူမျိုး၊ အတန်းနဲ့ ကျားမ ခွဲခြားသုံးစွဲတဲ့ မီဒီယာတွေပေါ်မှာ အခြေခံကာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၀င်ငွေနည်းပါးတဲ့မိသားစုက ကလေးငယ်တွေနဲ့ ၀င်ငွေများတဲ့မိသားစုက ကလေးငယ်တွေအကြား ကွဲပြားခြားနားမှုကို သိသိသာသာတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ဒစ်ဂျစ်တယ်မီဒီယာတွေဟာ လူတွေရဲ့နေထိုင်မှု ဘ၀မှာ ပိုမိုခြယ်လှယ်လာနေတဲ့အတွက် မိဘနဲ့ဆရာတွေအနေနဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာနဲ့ တီဗီကြည့်ရှုတဲ့ အချိန်အတိုင်းအတာတွေကို ပိုပြီးဂရုစိုက်ဖို့ လိုလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အသက်၉နှစ်မှ ၁၄နှစ်အတွင်း ကလေးငယ်တွေရဲ့ ၆၂ရာခိုင်နှုန်းဟာ နေ့စဉ်တီဗီကြည့်လေ့ရှိပြီး ဆယ်ကျော်သက်တွေရဲ့ ၆၆ရာခိုင်းနှုန်းကတော့ နေ့စဉ် သီချင်းနားထောင်လေ့ရှိပါသတဲ့။

ဆယ်ကျော်သက်တွေရဲ့ တစ်ဝက်နီးပါးကတော့ Social Media သုံးစွဲကြပြီး ၄၅ ရာခိုင်နှုန်းကတော့ ဗီဒီယို ဒါမှမဟုတ် Audio မီဒီယာတွေကို သုံးစွဲနေကြတယ်လို့သိရပါတယ်။

Ref: Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_5.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment