ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 9, 2015

ဗီတာမင် ဒီ ချို့တဲ့ခြင်းက ဦးနှောက် ထိခိုက်နိုင်




အရိုး ကျန်းမာရေး အတွက် ဗီတာမင် ဒီ ဟာ အဓိက အရေး ပါတယ် ဆိုတာကို သိထား ကြပြီး ဖြစ်ပါတယ်။ ခုလည်း ဗီတာမင် ဒီ ချို့တဲ့ရင် ဦးနှောက်နဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ထိခိုက်နိုင် တယ်လို့ ကန်တက္ကီ တက္ကသိုလ် သုတေသီတွေရဲ့ သုတေသန ပြုချက်တွေ အရ သိရပါတယ်။

ဒီသုတေသန ရလဒ်တွေကို Free Radical Biology and Medicine ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေ ထားပါတယ်။ သက်လတ်ပိုင်း ကြွက်တွေကို ဗီတာမင်ဒီ နည်းတဲ့ အစာတွေကိုပဲ လပေါင်းများစွာ ကြွေးပြီး စမ်းသပ်တဲ့ အခါ အဲ့ဒီ့ကြွက်တွေမှာ ဦးနှောက်ကို ထိခိုက်စေတဲ့ Free Radical တွေဖြစ်လာပါတယ်။

သင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တွေမှာလဲ အားနည်း လာတာကို တွေ့ရပါတယ်။

ဗီတာမင် ဒီ ချို့တဲ့ရင် ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းလာပြီး ဒီသက်ရောက်မှုကို လျှော့မတွက်ထားသင့်ကြောင်းနဲ့ အမေရိက မှာ ဗီတာမင်းချို့တဲ့မှုနှုန်း မြင့်တက်နေကြောင်း သုတေသီတွေက ပြောသွားပါတယ်။

Ref: Public Health

Original link - http://health.thithtoolwin.com/2015/11/blog-post_7.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment