ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 9, 2015

ဥစားခြင်းက စိတ်ဖောက်ပြန်မှုကို ကာကွယ်နိုင်




ဥစားရင် မှတ်ဉာဏ် ဆုံးရှုံးတာ၊ စိတ်ဖောက် တာတွေကို တားဆီးနိုင်၊ မတားဆီးနိုင် ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်တွေက စစ်ဆေး လေ့လာ နေပါတယ်။

လေ့လာ မှုမှာ ပါဝင် ကူညီသူတွေ ဟာ ၆လ အတွင်း ဥ တစ်နေ့၂လုံး စားရမှာ ဖြစ်ပြီး ဥမစားဘဲ နေတဲ့ သူတွေနဲ့ လေ့လာနှိုင်းယှဉ် မှာပါ။

အုပ်စုနှစ်စု လုံးကို မှတ်ဉာဏ်၊ ကျိုးကြောင်း ဆက်စပ် စဉ်းစားမှု၊ နှုတ်သွက်မှု နဲ့ အချိန်ကြာ အာရုံစိုက်နိုင်မှု စတာတွေကို တိုင်းတာပြီး လေ့လာနှိုင်းယှဉ်မှာ ဖြစ်ပါတယ်။

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်မှု အများဆုံး အစားအစာတွေ ထဲမှာ ဥဟာ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ အာရုံကြော အားကောင်းစေတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေပေါ့။

အမေရိက တက္ကသိုလ် တစ်ခုဖြစ်တဲ့ Tufts က သုတေသီတွေ လေ့လာမှာ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_29.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment