ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 23, 2015

ခန္ဓာကိုယ်အလှ သွယ်လျဖို့ဆိုလျှင် . . . .




ယနေ့ခေတ်တွင် အလှအပရေးရာ ရှုထောင့်မှ ကြည့်မည် ဆိုလျှင် ကိုယ်အလေးချိန်နှင့် ကိုယ် ကာယ အချိုးအစား တို့သည် ယခင်ကထက် ပိုမိုရေပန်း စားလာကြသည်။ ခေတ်ပေါ် မီဒီယာနှင့် ဇာတ် ကားများကြောင့်လည်း ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ အမျိုးသမီး ထုသည် သွယ်လျသော အချိုးအစားကိုနှစ်ခြိုက် ဦးစားပေး လာကြသည်ကို တွေ့ရသည်။

ထိုအကြောင်း နှင့်ဆက်စပ်ပြီး စာရေးသူ ဖတ်မိဖူးသည့် ခေတ်သစ် စာရေးဆရာ တစ်ယောက်ဖြစ်သည့် Moira Mugweni ဆို သူရေးသား ထားသည့်စာအုပ် တစ်အုပ်ကို ဖျတ်ခနဲ သတိ ရမိပါသည်။

ထိုဇာတ်လမ်းတွင် ကောင်မလေး တစ်ယောက် က သူ၏ ခန္ဓာကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး မည်သို့ ဖြစ်ခဲ့ရသည် ဆိုသည့်အကြောင်းနှင့် သူမည်သို့ သွယ် လျအောင်ကြိုးစားပုံ စသည် တို့ကို အခြေခံကာ ဟာသ နှောကာ ရေးသားထားသည်။

မိန်းကလေးမို့ အလှအပ ကိုခုံမင်သည့်နည်းတူ ဝိတ်ကျချင်လွန်းသောကြောင့် စိတ်ညစ်ရသည့်အကြောင်းလေးများ ထိုစာအုပ်တွင် ဖတ်မိရင်း စာရေးသူကတော့ ကိုယ်အလေးချိန်နှင့်ပတ် သက်သည့် သိမှတ်စရာလေးများကို သည်တစ်ပတ်ရေး မည်ဟု စိတ်ကူးရမိလေ၏။

စာရေးသူတို့၏ကိုယ်အလေးချိန်သည် စံနှုန်း ဖြင့်ချိန်မည်ဆိုလျှင် မပိန်လွန်း၊ မဝလွန်း စသည်ကိုသိ ရှိနိုင်ဖို့ရာ WHO (World Health Organization) ၏ စံညွှန်းနှင့်အညီ BMI ac: Body Mass Index နှင့်တိုင်း တာကြသည်။ ကျန်းမာရေးရှုထောင့်ကကြည့်မည်ဆို လျှင် အဝလွန်ခြင်းသည် ရေရှည်တွင် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါသည်။

သို့သော် မိမိ၏ ကိုယ်အလေးချိန် သည် ဝိတ်လျှော့ဖို့လိုအပ်သည့် အလေးချိန်ဟုတ်မဟုတ် ကို တစ်ခါတစ်ရံတွင် ပေါင်ချိန်ကြည့်ရုံမျှဖြင့် သိနိုင်ရန် မလွယ်ကူသည့်အတွက် BMI ကို တစ်ဖန်ပြန်တွက်ပေး သင့်သည်။ ဤနေရာတွင် BMI တွက်နည်းကိုမသိသေး သောသူများအတွက် အကျဉ်းချုံးမျှဖြည့်စွက်ဖော်ပြပေး လိုပါသည်။



BMI ကိုသိရှိနိုင်ဖို့အတွက် ပေါင်ချိန်စက် နှင့်တိုင်းထားသည့် မိမိ၏ကိုယ်အလေးချိန်ကို ကီလို ဂရမ်နှင့်မှတ်သားထားပြီး အရပ်ကိုမီတာနှင့်တိုင်းတာ ကာ အရပ်ရလဒ်ကို နှစ်ဆမြှောက်ကာ တွက်ထားပါ။ ထို့နောက်တွင် ကိုယ်အလေးချိန်ကီလိုဂရမ်ကိုတွက်ထားသည့် အရပ်မီတာနှစ်ထပ်အဖြေနှင့် စားလိုက်ရုံသာ ဖြစ်ပါသည်။

ထိုအခါ BMI တန်ဖိုးထွက်လာမည်ဖြစ်ပြီး ပုံမှန်ရှိသင့်သောကိုယ်အလေးချိန်သည် ၁၈ဒသမ၅ မှ ၂၄ဒသမ၉ အတွင်းတွင် ကျရောက်နေပါလိမ့်မည်။

{BMI = Weight (kg)/Height (m2)}

BMI ရမှတ် ၂၅ နှင့်အထက်ကို Over-weight ခေါ် ရှိသင့်သည်ထက်ပိုနေသည့် ကိုယ်အလေး ချိန်ဟုသတ်မှတ်ပြီး အဝလွန်သည့်အဆင့်၊ Obese အ ဆင့်သို့ရောက်ဖို့အတွက်တော့ BMI သည် ရမှတ် ၃ဝ နှင့်အထက်ဖြစ်နေဖို့ လိုအပ်မည်ဖြစ်ပါသည်။

ထိုအခါတွင် BMI များနေသောကြောင့်၊ အဝလွန်နေသောကြောင့် အလှပျက်သည်ဟုယူဆကောင်း ယူဆကြပါလိမ့်မည်။ သို့သော် အမှန်တကယ်တွင်မူ ကျန်း မာရေးရှုထောင့်မှကြည့်မည်ဆိုလျှင် အဝလွန်ခြင်းနောက် ကွယ်မှ ခြိမ်းခြောက်နေသည့်ရန်သူကို စိတ်ပူရန်လည်း လိုအပ်ပါသည်။

၂ဝဝ၇ ခုနှစ်စစ်တမ်းတစ်ခုအရ အဝ လွန်ခြင်းသည် ကမ္ဘာ့လူဦးရေ ၁ဒသမ၇ ဘီလီယံခန့် ကိုဒုက္ခပေးနေပြီး ၂ဒသမ၅ သန်းခန့်သည် နှစ်စဉ်အဝ လွန်ခြင်းကြောင့် အသက်ဆုံးရှုံးကြရကြောင်း ဖော်ပြ ထားခဲ့ပါသည်။

အဝလွန်ခြင်းကြောင့် ဆီးချို၊ သွေးချို ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအဆီဓာတ် များ ပုံမှန်မဟုတ်သောရောဂါ၊ လေဖြတ်ခြင်း၊ အဆစ် အမြစ်များနာကျင်ခြင်း၊ သည်းခြေရောဂါဖြစ်ခြင်း၊ ခါး ကိုက်ခြင်း၊ အိပ်စက်စဉ်တွင် အသက်ရှူလမ်းကြောင်း ပိတ်ခြင်း စသည့်ရောဂါအဖြာဖြာနှင့် နဖူးတွေ့ဒူးတွေ့ ကြုံဆုံရနိုင်ခြေ ပိုများလာသည်။ ထို့ပြင် အဝလွန်ခြင်း ကြောင့် ကင်ဆာရောဂါ တချို့၏ဖြစ်နိုင်ခြေသည်လည်း ပိုမိုများလာသည်။

ထိုအခါတွင် အဝလွန်ခြင်းကို မည်သို့ကိုင် တွယ်ဖြေရှင်းကြမည်နည်း။ လူထုထဲတွင် BMI များ သောကြောင့်၊ ကိုယ်အလေးချိန်များသောကြောင့် ကိုယ် အလေးချိန်ကျလိုသည့်အခါတွင် ဆေးဝါးများကို အရင် ဆုံး ပြေးသတိရမိတတ်ကြသည်။ ဆွဲဆောင်မှုရှိသော ကြော်ငြာလေးများကိုကြည့်ရင်း စမ်းသပ်သောက်သုံး ချင်လိုသည့်စိတ်နှင့်အတူ ဆေးကောင်းဝါးကောင်း ဟုတ် နိုးနိုးနှင့် ကိုယ်အလေးချိန်ချရန် ကြိုးစားတတ်ကြသည်။

စားသုံးသောကယ်လိုရီနှင့် အဆီပမာဏကို လျှော့ချပေးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း စသည့် အခြေခံနည်းနှစ်နည်းနှင့် ကျေနပ်လောက်သည့်ကိုယ် အလေးချိန်ကို ဖန်တီးယူရမည်ဖြစ်၏။

ထိုအခါတွင် ဖြည့်စွက်အကူအညီအနေနှင့် ကိုယ်အလေးချိန်ကျဆင်းစေသည့် ဆေးဝါးများကိုလည်း တွဲဖက်သုံးစွဲနိုင်သည်။ အသုံးများသည့်ဆေးတစ်မျိုးမှာ Orlistat ပါဝင်သည့်ဆေးအမျိုးအစားဖြစ်ပြီး ဇင်နီကယ် ဆိုသည့်အမည်နှင့် ဈေးကွက်တွင်တွေ့ရလေ့ရှိပါသည်။ ထို ဥမူငျအအေ ဆေးသည် စားမိသည့်အဆီပမာဏအ ချို့ကို အူမှမစုပ်ယူနိုင်အောင် အဆီကိုချေဖျက်သည့် အင်ဇိုင်းများကို ပိတ်ပင်လိုက်သည့်အတွက် ထိုအဆီများ သည် ဝမ်းထဲတွင်ပါသွားသည်။

ထို့ကြောင့် သောက် သုံးသူအများစုက ခပ်ချွဲချွဲစေးစေးဝမ်းများ သွားတတ် သည်ဟုပြောတတ်ကြသည်။ Orlistat ဆေးကို သောက် သုံးသင့်သည့်အချိန်မှာ အဆီပါသည့်ဟင်းလျာ၊ အစား အသောက်များစားပြီးသည့် တစ်နာရီအချိန်အတွင်း သောက်သုံးရမည်ဖြစ်ပြီး ၁၂ဝ မီလီဂရမ်ပါသည့် ထို ဆေးတောင့်ကို တစ်နေ့လျှင် သုံးကြိမ်အထိသောက်သုံး နိုင်သည်။

ဆီမပါသည့်ဟင်းလျာများ သို့မဟုတ် မစား ဖြစ်သည့် ထမင်းအနပ်များရှိပါက Orlistat ဆေးကို သောက်ရန်မလိုအပ်ပါ။ ကိုယ်ဝန်ဆောင်မိခင်များအ တွက် ဘေးကင်းမကင်းဆိုသည်ကိုတော့ သေချာမသိ နိုင်သည့်အတွက် သောက်သုံးရန်မသင့်ဟုသာ မှတ် ယူထားသင့်ပြီး သည်းခြေလမ်းကြောင်းမကောင်းသူ များလည်း ထိုဆေးကိုမသောက်သုံးသင့်ပါ။

ယခုနောက်ပိုင်းတွင်တော့ Orlistat ဆေး များသာမကဘဲ အခြားတွေ့ရတတ်သည့် ဆေးတချို့ကို လည်း အတန်ငယ်ဖော်ပြချင်ပါသည်။ Phaseolus vul-garis ခေါ် ပဲစေ့တစ်မျိုးမှထုတ်လုပ်ထားသည့် ဆေး ဝါးများသည် စားသုံးလိုက်သည့် ကဆီဓာတ်များအား စုပ်ယူခြင်းကိုပိတ်ပင်သည့်အတွက် ကိုယ်အလေးချိန် ကျစေသည့်ဆေးတစ်မျိုးအဖြစ်သုံးစွဲကြသည်။

သို့သော် ကိုယ်အလေးချိန်ကျစေဖို့ရန် လက်ဖက်ရည်ကြမ်း၏ စွမ်းအားများကိုလည်း ဆေးဝါးအဖြစ်အသုံးပြုကြသည် ကိုတွေ့ရပါသည်။ ဆေးဖက်ဝင်သည့် Senna အရွက် များပါဝင်သည့် Herbal Tea လက်ဖက်ရည်ကြမ်းထုပ် များကိုလည်း ဈေးကွက်တွင်တွေ့ရတတ်သည်။

Senna အရွက်သည် ဝမ်းချုပ်သည့်သူများအတွက်လည်း သင့် တော်ပြီး ဝမ်းသွားစေသည့်အတွက် ကိုယ်အလေးချိန် ချစေရန်ရည်ရွယ်သည့် လက်ဖက်ရည်ကြမ်းဆေးဝါး များအဖြစ် အသုံးပြုတတ်ကြသော်လည်း ရေရှည်စွဲမ သောက်သင့်ပါ။ နှစ်ပတ် သုံးပတ်မျှသာ သောက်သုံး သင့်ပြီးရပ်နားသင့်ပါသည်။

တရုတ်ရိုးရာအဖြစ် စွဲမြဲစွာသောက်လေ့ရှိကြ သည့် Camelia sinensis ခေါ်သည့် Green Tea မှ ထုတ်လုပ်ထားသော လက်ဖက်ရည်ကြမ်းများကိုလည်း ကိုယ်အလေးချိန်ကျစေရန် ရည်ရွယ်သုံးစွဲတတ်ကြသည်။

ကိုယ်အလေးချိန်ကျစေရန် နောက်ဆုံးသုံး ရလေ့ရှိသည့်နည်းလမ်းသည် ခွဲစိတ်ကုသမှုပင်ဖြစ်ပါ သည်။ ပိန်စေလိုသောကြောင့် ထိုသို့ခွဲစိတ်ခြင်းအား Bariatric Surgery ဟုခေါ်ကြသည်။

BMI ၄ဝ နှင့် အထက်ရှိသူများနှင့် ခွဲစိတ်မှုကြောင့် အကျိုးရှိစေမည့် သူများအတွက်သာ ထိုနည်းလမ်းကို အသုံးပြုတတ်ကြ ပြီး အကြမ်းဖျင်းအားဖြင့် အစာအိမ်အား ကွင်းနှင့်ချည် နှောင်ထားသကဲ့သို့ပြုလုပ်သည့် နည်းလမ်းရှိသကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းကို အတန်ငယ်လွှဲပေး သည့် Gastric Bypass Sugery နည်းလမ်းများကိုလည်း အသုံးပြုတတ်ကြပါကြောင်း။

နေခြည် (ဆေး-၁)

(Flower News Journal, Vol-11, No-45)

Original link - https://www.facebook.com/YangonMediaGroup/posts/1076336005718652

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment