ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 23, 2015

အချစ်စစ်နဲ့ တွေ့သွားတဲ့ ကင်ဆာ ဝေဒနာရှင်လေး




ရစ်ခ်ျမွန်း - ဗာဂျီးနီးယားမှာ နေတဲ့ အသက် နှစ်နှစ် အရွယ်က စတင်ပြီး သွေး ကင်ဆာ ရောဂါ ခံစား နေရတဲ့ ဒေးဗစ် စပိုင်ဆက် ဂျူနီယာဟာ အခုတော့ အသက် ရှစ်နှစ် ရှိပါပြီ။

အရိုး နှစ်ခု အစားထိုး ခဲ့ရပြီး ဖြစ်တဲ့ ကလေးငယ်ဟာ လေးကြိမ် မြောက် ကင်ဆာ ရောဂါဒဏ် အပြင်းအထန် ခံစား ခဲ့ရပြီး ချိန်မှာတော့ ရက်သတ္တ ပတ်ခြောက်ပတ် မျှသာ အသက် ရှင်သန် နိုင်တော့ မယ်လို့ ဆရာဝန်က ခန့်မှန်း ခဲ့ပြီး မည်သည့် ကုသမှုမျှ မပြုတော့ဘဲ သူ့ရဲ့ နောက်ဆုံး အချိန်ကို ရွယ်တူ ကလေးငယ် များနဲ့ ပျော်ရွှင်စွာ အဆုံး သတ်စေဖို့ မိဘများက သဘောတူ ခဲ့ကြ ပါတယ်။

အဲဒီ့ နောက်မှာတော့ သူ့သားငယ်ရဲ့ အတန်း ဖော်ဖြစ်သူ အာယာလာ ဆီက ချစ် သဝဏ်လွှာ တွေကို တွေ့ရှိ ခဲ့ရပြီး တဲ့နောက် သူ့တို့ သားငယ်လေးမှာ အချစ်ဦး ရှိနေပြီ ဆိုတာ မိဘများက သတိပြု ခဲ့မိ ပါတော့တယ်။

ခုအခါ မှာတော့ အင်မတန်မှ ခိုင်မြဲနေတဲ့ သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အများ သူငါကို သတိ ပြုစေ ခဲ့ပြီး နေ့စဉ်နှင့် အမျှ အချိန် အတော် ကြာအောင် နှစ်ဦးသား အချိန်ဖြုန်း နေကြ ပါသတဲ့။

ဝမ်းသာစရာ သတင်း ကတော့ အချစ်ရဲ့ စွမ်းအား တွေကြောင့် ကင်ဆာ ဝေဒနာရှင် လေးဟာ တစ်လ အတွင်း လက်တွန်းလှည်း ပေါ်ကတောင် ပထမဆုံး အကြိမ် ထပြီး လမ်းလျှောက်နိုင် ပါပြီတဲ့။ သူတို့ရဲ့ အချစ် ဇာတ်လမ်း ကတော့ လူပြော အများဆုံး ဇာတ်လမ်း တစ်ပုဒ် ဖြစ် နေပါပြီ။

Ref: ABC News

Original link - http://goo.gl/IlVFw4

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment