ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 13, 2015

အမျိုးသမီးတွေ ဆံပင် ကျွတ်ခြင်း နဲ့ ပတ်သက်ပြီး သိကောင်းစရာများ




ဆံပင် ဘာကြောင့် ကျွတ်တာလဲ

ပြင်းထန်တဲ့ ဓါတု ပစ္စည်းတွေနဲ့ အပူပေးပြီး ဆံပင် ပုံသွင်းရတဲ့ ကိရိယာ တွေကို အလွန်အကျွံ သုံးစွဲလိုက်တဲ့ အခါမျိုးတွေနဲ့ ဆံပင် အပို ဆက်ထားခြင်း ၊ ဆံပင်ကောက်ခြင်းတို့ကို တင်းကြပ်စွာ ပြုလုပ်လိုက်တဲ့ အခါမျိုးတွေမှာ သင့်ရဲ့ ဆံပင်တွေဟာ ကျိုးပျက်ပြီး ကျွတ်ထွက် သွားပါတယ်။

"အပူချိန်ဟာ ဆံသားတွေရဲ့ ပရိုတိန်းကို အားနည်းစေပါတယ်။ သင်ဘယ်လောက်ပဲ ကာကွယ်နိုင်မယ့် ထုတ်ကုန်တွေ သုံးသုံးပါ" လို့ ဆံပင် ပညာရှင် Tabitha James Kraan က ဆိုပါတယ်။

ပြင်းထန်စွာအပူပေးခြင်း ၊ ခြောက်သွေ့ခံခြင်း နဲ့ ဓါတုဆိုးဆေးသုံးပြီး ဆံပင်ဆိုးခြင်းတွေဟာလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေ ဖြစ်တဲ့ ဆီးချိုသွေးချို ၊ အကျိတ်ဖြစ်ခြင်း ၊ အနုဇီဝ- အာဟာရ လျော့နည်းခြင်း ၊ အစားအသောက် မမှန်ခြင်း စတဲ့ ကျန်းမာရေးအခြေအနေတွေကတော့ ဆံသားတွေရဲ့ ပုံမှန်ကြီးထွားမှု စက်ဝိုင်းကို နှေးကွေးစေသလို တစ်ခါတစ်ရံ မှာ ရပ်တန့်သွားစေနိုင်ပါတယ်။

ထို အခြေအနေကို ဘာဆက်လုပ်ရမလဲ

၁။ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ခင်မှာ ကျွမ်းကျင်သူ တစ်ယောက်ကို တိုင်ပင်ပါ

ဘာကြောင့် ဆံပင်ကျွတ်တယ်ဆိုတာ တိတိကျကျ မသိရခင် ဆံပင်ကျွတ် ရခြင်းအကြောင်းအရင်းကို သိရဖို့ ကျွမ်းကျင်သူတွေကို တိုင်ပင်ကြည့်လိုက်ပါ။ စမ်းတ၀ါးဝါး နဲ့ တန်ဖိုးကြီး အလှကုန်တွေ သုံးစွဲနေခြင်းက သင့်ကို ငွေကုန်ကြေးကျများသွားစေတာကလွဲပြီး ဘာကောင်းကျိုးမှ မပေးပါဘူး။ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းအမှန်ကိုသိပါမှ ဆံပင်ကျွတ်ခြင်းကို ဘယ်လို တားဆီးရမလဲဆိုတာသိမှာပါ။ အဲဒီနောက်မှာမှ ဆံသားတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်ရမှာပါ။

၂။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာ များ စားသုံးပေးပါ

ဆံသား မွှေးညှင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အာဟာရ ရယူတဲ့ နောက်ဆုံးသော တစ်သျှူးတွေထဲက တစ်ခုဖြစ်တယ်လို့ အာဟာရ ဗေဒ ပညာရှင် Angela Dowden က ဆိုပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ ဆံသားတွေဟာ အာဟာရ ကောင်းမွန်စွာ ရရှိစေပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာ တွေက နေရရှိနိုင်ပါတယ်။ ဆံသားတွေဟာ ပရိုတိန်း ပါဝင်မှု အရမ်းများပါတယ်။ ဒါကြောင့် သင်စားသုံးတဲ့ အစားအစာ တွေမှာ Fatty အက်ဆစ် ၊ သံ ဓါတ် ၊ ဆီလီကာ ၊ ဘိုင်အိုတင်း နဲ့ သတ္တု ဓါတ်တို့ပါဝင်မှ သာ သင့်ဆံသား တွေ ကျန်းမာ သန်စွမ်းနိုင်မှာ ဖြစ်ပါတယ်။

၃။ ကိုယ်တွင်းမှာ သံ ဓါတ်များနေပါစေ

များသောအားဖြင့် အမျိုးသမီးတွေ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းက သံဓါတ် နည်းပါးလို့ပါ။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သံဓါတ်တွေဟာ ဆံပင်ဆဲလ်တွေက ထုတ်လုပ်လိုက်တဲ့ ပရိုတိန်း တစ်မျိုးဖြစ်တဲ့ Ferritin နဲ့ ပေါင်းစည်းသွားပါတယ်။

ပေါင်းစည်းမှု က ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ Head & Shoulder ကုမ္မဏီ ရဲ့ သိပ္ပံ ပညာရှင် ချုပ် ဒေါက်တာ Rolanda J Wilkerson က ဆိုပါတယ်။ သံဓါတ်နည်းပါးခြင်းဟာ ဆံပင် သန်စွမ်းခြင်းကို လျှော့ချလိုက်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ ပန်းမုန်လာတို့လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်း နဲ့ သံဓါတ်ကို ရယူနိုင်ပါတယ်။

၎။ ဆံသားထိန်းသိမ်းဖို့ ရင်းနှီးမြှပ်နှံလိုက်ပါ

ဒီ အပိုင်းကတော့ ငွေကုန်ကြေးကျများမယ့် အလှကုန် ၀ယ်ယူတဲ့ အပိုင်းပါ။ ရှန်ပူ နဲ့ ကွန်ဒင်ရှင်းနာ တို့လို အလှကုန်တွေ အသုံးပြုခြင်းဟာ သင့်ရဲ့ ဆံသားတွေ ရှင်သန်လာဖို့ လှုံ့ဆော်ပေးနိုင်ပြီး ပရိုတိန်းပါဝင်တဲ့ ခေါင်းလိမ်းဆီ တွေကို အသုံးပြုသင့်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_50.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment