ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 13, 2015

နူးညံ့ချောမွေ့တဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်ဖို့ နေ့စဉ် သုတ်ရည် လိမ်းပေးပါလို့ ဆိုတဲ့ မော်ဒယ်ဟောင်း




ကလေးနှစ်ယောက် အမေ၊ အဖော်အချွတ် မော်ဒယ်ဟောင်း Tracy Kiss က ဒီ ဈေးမကြီးတဲ့ အလှကုန် ပစ္စည်း ကို အသုံးပြုခြင်းကြောင့် သူမရဲ့ အသားအရေဟာ လှပပြီး နူးညံ့နေတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အလှအပရေးရာ အကြံပေး ဘလော့ဂါလည်း ဖြစ်တဲ့ Tracy Kiss ဟာ ဆိုရှယ် မီဒီယာမှာ follower ပေါင်း တစ်သိန်းခွဲကျော် ရှိပြီး မျက်နှာကို သုတ်ရည် လိမ်းပြီး အသားအရေ ထိန်းသိမ်းတဲ့ သူမရဲ့ နည်းလမ်းကို မျှဝေပေး နေတာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မော်ဒယ်ဟာ တခြား သူတွေလည်း ဒီနည်းလမ်းကို ကျင့်သုံးဖို့ အတွက် တိုက်တွန်း ထားပြီး သူမရဲ့ ဘလော့ဂ်မှာလည်း သုတ်ရည်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ဘယ်လို လိမ်းပေး ရမလဲဆိုတာ ကို ပြသပေး ထားတဲ့ ဗီဒီယိုကိုလည်း တင်ပေး ထားပါတယ်။

တစ်နေ့ တာလိမ်းဖို့ လိုအပ်တဲ့ သုတ်ရည်ပမာဏကို သူမရဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်က သန့် ရှင်းတဲ့ ဘူးတစ်ဘူးထဲထည့်ကာ ပို့ ပေးတာဖြစ်တယ်လို့ သူမက ရှင်းပြထားပါတယ်။

“ လူတော်တော်များများက သူတို့ မျက်နှာပေါ်မှာ သုတ်ရည်လိမ်းဖို့ အတွက် တော်တော်စနိုးစနောင့် ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝ စစ်စစ် အရာတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့ လည်း ကိုက်ညီတဲ့ အပြုအမူ တစ်ခု ဖြစ်ပါတယ်” လို့ Tracy က ဆိုပါတယ်။

မျက်နှာတစ်ခုလုံးနှံ့ အောင်လို့ စက်ဝန်း ပုံစံ ပွတ်လိမ်းပေးသင့်ပြီး ရေနဲ့ မဆေးကြောခင်မှာ ငါးမိနစ် ကနေ မိနစ် နှစ်ဆယ် အတွင်း မျက်နှာပေါ် ထားပေး သင့်ပါတယ်လို့ သူမက နည်းပေး ထားပါတယ်။

ဒီနည်းလမ်းကြောင့် သူမ မွေးကတည်းက ခံစားနေရတဲ့ Rosacea ခေါ် မျက်နှာ အရေပြားနီမြန်းကာ၊ အကွက် အပျောက်တွေ ဖြစ်ပေါ်တဲ့ ရောဂါ ပျောက်ကင်း ခဲ့ရပြီ ဖြစ်တယ်လို့ Tracy က ပြောပါတယ်။

နာမည်အရင်း Miss Kiss လို့ ခေါ်တဲ့ သူမဟာ စိန်ခေါ်မှုပေါင်း အများအပြားကို ယှဉ်ပြိုင်ကာ လူမှုအဖွဲ့ အစည်းတွေ အတွက် ရန်ပုံငွေရှာဖွေပေးနေသူ တစ်ယောက်ဖြစ်ပြီး ငွေကြေး လှူဒါန်းသူတွေကို သူမရဲ့ အထက်ပိုင်း ဗလာနဲ့ ဓာတ်ပုံတစ်ပုံ အလကား ပေးနေ ပါတယ်။

မကြာသေးခင်ကလည်း အပြာ ၀တ္တုတစ်ပုဒ် ထုတ်ဝေ ထားသူလည်း ဖြစ်ကာ သူမရဲ့ website ၊ Instagram နဲ့ Twitter တို့ ကနေ ကျန်းမာရေးနဲ့ အလှအပ အကြံပေးချက်တွေ ပေးနေသူ တစ်ဦး ဖြစ်ပါတယ်။





Ref: Mirror

Original link - http://www.dailymail.co.uk/femail/article-3314165/Beauty-blogger-covers-face-SPERM-day-saying-keeps-skin-soft.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment